KIO,အဖွဲ့မှ ဖယ်ဒရယ် ဥပဒေ ကျောင်း (Federal Law Academy) အား ၂၀၁၄ ဇွန်လမတိုင်ခင် ဖွင့်လှစ်သွားရန် စီစဉ်နေကြောင်း ကေအိုင်အို ပညာရေးမှူး ဦးနော်ထွယ်မှဆိုသည်။
အဆိုပါကျောင်းအား ကေအိုင်အို ထိန်းချုပ်နေမြေဖြစ်သော မိုင်ဂျာယန်တွင် ဖွင့်လှစ်သွားမည်ဖြစ်ပြီး ကျောင်းသား (၆၀) ယောက်အား လက်ခံသွားမည်ဖြစ်ကြောင်းလည်းဆိုသည်။
အယောက် (၆၀)အနက်မှ (၄၀) ယောက်အား ကချင်လူမျိုးများအဓိက လက်ခံမည်ဖြစ်ပြီး ကျန် (၂၀) ယောက်ကိုမူ ကယား၊ ကရင်၊ ချင်း၊ ရှမ်း စသည့် အခြား တိုင်းရင်းသားများအား လက်ခံသွားမည်ဖြစ်ကြောင်းလည်း ဆိုသည်။
“နိုင်ငံတကာ ဥပဒေ(international law )တွေလည်းသင်မယ်။ တကယ် bachelor ဘွဲ့ အဆင့်မှီ အောင် လုပ်ဆောင်သွားမယ်။”ဟု ပညာရေးမှူးမှဆိုသည်။
ယခုကျောင်းအား (၁၀)တန်းအောင်မြင်သည့် ကျောင်းသားများတက်ရောက်နိုင်မည်ဖြစ်ပြီး စာသင်နှစ်အား (၂) နှစ် သတ်မှတ်ထားကြောင်းလည်းသိရသည်။
ယခုစာသင်နှစ်တွင် ကေအိုင်အိုထိန်းချုပ်နယ်မြေရှိကျောင်းများမှ (၁၀) တန်းစာမေးပွဲဖြေဆိုမည့် ကျောင်းသား ၅၀၀ ကျော်ရှိနေကြောင်းလည်းသိရသည်။
ကေအိုင်အိုကျောင်းများမှ (၁၀) တန်းအောင်မြင်ပြီးသူများ ပညာဆက်သင်နိုင်ရန် ယခု ဥပဒေကျောင်းအပါအ၀င် ကျောင်းစုစုပေါင်း (၁၁) ကျောင်း ဖွင့်လှစ်ခဲ့ပြီဖြစ်သည်။
By; Kachin Waves
0 Comments
Post a Comment