တရုတ်နိုင်ငံ၊ မန်ရှီ နှင့် ရွှေလီ မြို့တို့တွင် ကမ္ဘာလုံးဆိုင်ရာ ကချင့်မနောပွဲတော်ကျင်းပမည်
Miwa Mung Mang Shi hte Shew Li mare kaw Manau Poi Galaw na
==========================================

The Global Kachin National Manau Festival will held at the Kachin self authorized region Mang Shi, Yunan Province, China from Febuary 13 to 15. And all the Kachin communities around the world will attend at that festival and will launch a global Kachin conference and dialogue about Kachin tradition, culture and society. And the dialogue will also discus and resolve about the confusions about Kachin encoded by the Burmese government for the 2014 census.

တရုတ်နိုင်ငံ ၊ ယူနန်ပြည်နယ် ၊ ကချင် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ဖြစ်သော "မန်ရှီ" မြို့တွင် ၂၀၁၄၊ ဖေဖေါ်ဝါရီ လ (၁၃ မှ ၁၅) ရက်နေ့ အထိ (၃) ရက်တိတိ ကချင်ရိုးရာ မနော ပွဲ တော် ကြီးအား စည်ကား သိုက် မြိုက်စွာ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်းသိရှိရပါသည်။ တရုတ် နိုင်ငံတွင် ဤကဲ့သို့ ကချင်ရိုးရာ မနော ပွဲ ကျင်းပရန် အတွက် တရုတ် အစိုးရမှ ကုန်ကျစားရိတ်များ အားလုံးကို တာဝန်ယူ ကုန်ကျ ခံ ပြီး မနော ပွဲ တော် ကျင်းပ သည်ရက်များအား သက်ဆိုင်ရာ ဒေသတွင် တရားဝင် အစိုးရ ရုံးပိတ်ရက် အဖြစ် သတ်မှတ် ပေးထားကြောင်းသိရှိရပါသည်။
တရုတ် နိုင်ငံ တွင် ကချင် မနော ပွဲ တော်အား နှစ်စဉ် တရုတ်နှစ်သစ်ကူးအပြီး ဖေဖေါ်ဝါရီလ အတွင်း ကျင်းပလေ့ ရှိကြောင်းကို လည်း ဒေသခံများထံမှ သိရှိရပါသည်။

ထို့ အပြင် ယခုလ (၂၃-၂၅ ၊၂၊၂၀၁၄) ရက်နေ့ တို့တွင် တရုတ်- မြန်မာ နယ်စပ် တရုတ်နိုင်ငံ ရွှေလီ မြို့တွင် လည်း တစ်ကမ္ဘာလုံးဆိုင်ရာ ကချင့် ရိုးရာနော ပွဲ တော် ကြီး ကျင်းပရန် စီစဉ် နေ ကြောင်းလည်းထပ်မံ သိရှိရ ပါသည်။ ဤ တစ်ကမ္ဘာလုံးဆိုင်ရာ ရွှေလီ ကချင်မနော ပွဲတော်ကြီးအား မြန်မာ ပြည်၊ အိန္ဒယ ၊ထိုင်း ၊ မလေးရှား၊ဂျပန်၊သြစတေးလျ UK ၊ USA နှင့် အခြား ကမ္ဘာ့ နိုင်ငံ အသီးသီးသို့ ပြန့်နှံ့ ရောက်ရှိနေ ကြသော ကချင် မျိုးနွယ်စုများအားလုံး လာရောက်ပါဝင်ဆင်နွဲ ကြမည် ဖြစ်ကြောင်းသိရှိရပါသည်။
ထိုပွဲတော်ရက် အတွင်း ကမ္ဘာအရပ်ရပ်မှ စုဝေးရောက်ရှိလာကြသော ကချင်မျိုးနွယ်စုများမှ မိမိတို့၏ တစ်ကမ္ဘာလုံးဆိုင်ရာ ကချင် လူမျိုးများ၏ (စာပေ၊ ရိုးရာယဉ်ကျေးမှု နှင့် ရှေ့ရေး များ နှင့် ပတ်သက်၍ ) ညီလာခံကြီးတရပ်ကို လည်းကျင်းပသွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

ပွဲတော်ရက်အတွင်း ပွဲ လာဧည့်သည်တော်များ အတွက် နယ်စပ်ဖြတ်သန်းခွင့် အားပွဲ စီစဉ်သူများမှ အထူးစီစဉ်ပေးထားကြောင်း လည်း ထပ်မံသိရှိရပါသည်။

Miwa Gum san mung dan Sahkung mung daw Mang Shi mare hta Manau Poi ka ba hpe N dai shata (13-15) Feb,2014 ya sha ni du hkra (3) ya tup ga law mat wa na re lam chye lu ai.
Bai matut nna n dai sha ta (23 ya kawn 25) .2.2014 ya sha ni du hkra Myen -Miwa ga jarit Shew Li mare ka ba hta Kachin Mung Kan manau poi ka ba hpe mung matut ga law mat wa na re lam hpe mung matut chye lu ai. N dai Shew Li mung kan Kachin Manaupoi ka ba hpawn Mung kan ting na du sa ai Kachin myu sha dat ka sa ni kawn KACHIN Myu sha lam yan, lai li lai ka hte Htung kin
lam ni hte seng nna (3) ya tup Zup hpawng,bawng ban sa mat wa na re lam hpe mung Manau poi lit hkam ni kawn chye lu ai.

By; Lachid Kachin