Kachin State ဆိုတာကချင်လူမျိုးစုတွေရဲ့ မြေပါ
=================================

"စစ်မှန်တဲ့ federal ပြည်ထောင်စု ဖြစ်စေချင်ရင် ကချင်ပြည်နယ်ကို ကချင်တွေအုပ်ချုပ်....စသည်ဖြင့်ကိုယ့်ပြည်နယ်ကို ကိုယ်အုပ်ချုပ်ရမယ်" လို့ပြောလိုက်ရင် ဗမာတွေပြောနေကျစကားက "ဒီကချင်ပြည်နယ်က ကချင်တွေပဲနေတာမဟုတ်ဘူး ဗမာ ကဘယ်လောက်ရာခိုင်နှုန်း ရှမ်းကဘယ်လောက်ရာခိုင်နှုန်း ရခိုင်ကဘယ်လောက် ပြီးတော့ တရုတ် အာရပ် ဟိန္ဒူ ဂေါ်ရဟား တွေလည်းနေတာတဲ့။ ဒါကြောင့် ကချင်ပြည်နယ်ကို ကချင်တွေအုပ်ချုပ်ဖို့ဆိုတာ တရားမျှတမှုမရှိသလို ဖြစ်လည်းမဖြစ်သင့်ကြောင်း ဖြစ်လည်းမဖြစ်နိုင်ဘူး"တဲ့။
ဟုတ်တာတော့ ဟုတ်ပါတယ်။ သာမန်စဉ်းစားရင်တော့ မှန်ပေမယ့် မှားနေပါတယ်။
ဒီနေ့ ထိုင်းနိုင်ငံ မလေးရှား စင်္ကကာပူ စတဲ့နိုင်ငံတွေမှာ ကျောင်းသွားတက် အလုပ်သွားလုပ်တဲ့သူတွေမှာ မြန်မာနိုင်ငံသားတွေ (ကချင် ဗမာ ရခိုင် ရှမ်း စတာတွေ) လည်းအများကြီးပါ။ ဒါပေမယ့် ဗမာတွေအများကြီးနေလို့ ဗမာပြည်နယ်(Burmese State) ဗမာတိုင်း(Province/ Region) ဖြစ်သွားတယ်ဆိုတာ မကြားဖူးပါ။
အဲဒီဒေသက နယ်ခံတိုင်းရင်းသား(local resident) တွေ အစိုးရတွေကလည်း ဒီဒေသက ဗမာတွေနေတာများလို့ ဗမာတွေကစည်းကမ်းရှိလို့ အနေအထိုင်သပ်ရပ်သေသပ်မှုရှိလို့ ဗမာပြည်နယ်အဖြစ်သတ်မှတ်ပေးလိုက်တယ်ဆိုတာလည်း မကြားဖူးပါ။

တကယ်တော့ပြည်နယ်(State) ဆိုတာက ပေးချင်တိုင်း ပေး နာမည်တပ်ချင်တိုင်းတပ်ထားတာမဟုတ်ပါ။ နဂိုမူလက သီးခြားနေမြေ သီးခြားလူမျိုး(သို့) လူမျိုးစုတွေ ပိုင်ဆိုင်တဲ့မြေ/ ပြည်ထောင်(State) တွေကို စုစီးပြီးပြည်ထောင်စုနိုင်ငံတစ်ခုအဖြစ်ရပ်တည် တည်ထောင်လာတဲ့အခါ မူလကသီးခြားနယ်မြေတွေကို အသိအမှတ်ပြု မှတ်သားထားတဲ့ အနေနဲ့ အဲဒီဒေသက လူမျိုးစုတွေရဲ့နာမည် အဲဒီဒေသရဲ့မူလအမည်ကို အစွဲပြု၍ ပြည်နည်(State) ဆိုတာထပ်ထည့်လိုက်တာပါ။့် ကချင်ပြည်နယ်(Kachin State) ဆိုတာ ကချင်လူမျိုးစု(Kachin Tribe) တွေရဲ့နာမည်ကိုအစွဲပြု ခေါ်ဆိုထားတာဖြစ်တယ်။ ကချင်ပိုင်မြေဖြစ်ပါတယ်ဆိုတဲ့သဘောပါ။  ဘင်္ဂလီအရေးနဲ့ပတ်သက်ပြီး ဗမာတွေပြောသလို "ဘင်္ဂလီက တိုင်းရင်းသားမဟုတ်တဲ့အတွက် ပြည်ထောင်စုမြန်မာနိုင်ငံမှာနေလို့မရဘူး" ဆိုသလို ကချင်တွေပိုင်တဲ့ မြေဖြစ်တဲ့အတွက် ကျန်တဲ့တိုင်းရင်းသားတွေ တိုင်းတစ်ပါးလူမျိုးခြားတွေ နေလို့မရဘူး နေခွင့်မရှိဘူးလို့ပြောတာမဟုတ်ပါ။ ကချင်ပြည်နယ်ရဲ့ ဥပဒေတွေကိုလိုက်နာရင် ကချင်တွေရဲ့ဥပဒေနဲ့ကိုက်ညီမှုရှိရင် ဘယ်သူမဆိုနေလို့ရပါတယ်။ -----
------ကချင်ပြည်နယ်မှမဟုတ် တစ်ခြားနိုင်ငံမှာလည်းဒီအတိုင်းပဲ။ "မင်းက ငါတို့နိုင်ငံရဲ့ တိုင်းရင်းသားမဟုတ်လို့ မင်းဒီမှာမနေနဲ့"လို့ဆိုပြီး  မောင်းထုတ်တယ်ဆိုတာလည်းမရှိပါ။ အဲဒီဒေသရဲ့ ဥပဒေတွေကိုလိုက်နာရင် အဲဒီဒေသရဲ့ ဥပဒေနဲ့ကိုက်ညီမှုရှိရင် ဘယ်သူမဆိုလွတ်လပ်စွာနေထိုင်ခွင့်ရှိပါတယ်။----
-----------
ဒါပေမယ့် ကချင်ပြည်နယ်ရဲ့ အုပ်ချုပ်ရေး ဥပဒေပြုရေး စီမံခန့်ခွဲရေး( လမ်း တံတား ပညာရေး ကျန်းမာရေး အခွန်ကောက်ခံမှု ) တွေနဲ့ပတ်သက်တဲ့ ဘတ်ဂျက်/ ငွေသုံးစွဲမှု။ ကုန်ကုန်ပြောရင် ကချင်ပြည်နယ်လွတ်တော်(Kachin Parliament) တွေ/ ကချင်ပြည်နယ်ရဲ့ Constitution တွေကို  ကချင်တွေပဲရေးဆွဲ ပြဌာန်းအတည်ပြုခွင့်ရှိတာပါ။ ဘာဖြစ်လို့လဲဆိုရင် ကချင်ပြည်နယ်ဟာ ကချင်လူမျိုးစုတွေရဲ့ မြေဖြစ်လို့ပဲ။

ပြည်နယ်(State) ပြည်ထောင်စု(United State) တွေရဲ့ သဘောတရား တည်ထောင်ဖွဲ့စည်းဖြစ်ပေါ်လာပုံတွေ
မသိရတာကလည်း မြန်မာ့သင်ရိုးညွန်းတမ်းမှာ ထည့်မထား မသင်ပေးတဲ့အတွက်ဖြစ်တယ်။ ဒါကြောင့် celebrity တွေနဲ့ interview တွေလုပ်ရင် "ဗမာပြည်" ဆိုပြီး ထွက်လာတာပါ။(အောက်ပြည် အောက်ရွာကိုပဲ ညွန်းတယ်ဆိုရင်တော့ ချွင်းချက်ပေါ့။)

By; Atsam@kachinland