ပြောပြန်ရင်လည်း လွန်နေဦးမယ်

ပြောပြန်ရင်လည်း လွန်နေဦးမယ်။ လူပြောစရာမရှိအောင်လည်း မနေတတ်ဘူး။ ဘာတဲ့ "ရွှေ" ဟုတ်လား။ ကိုယ့်ကိုယ်ကို ရွှေမျိုးတဲ့။ ကိုယ့်ကိုယ်ကိုတော့ မိုးထိဆွဲတင်ထားပြီး တန်ဖိုးမရှိတဲ့ လူရယ်စရာ ဟားစရာဖြစ်အောင်ပဲ နေတတ်ကြတယ်။
ကမ္ကာမှာ ဒို့ဗမာ(ဗမာအခေါ် မြန်မာ)တဲ့။ ရွှေမျိုးတွေပါတဲ့။ "မတူကွဲပြားတဲ့တိုင်းရင်းသားလူမျိုးစုတွေရဲ့ ပြည်ထောင်တွေကို စုစည်းထားတဲ့ ပြည်ထောင်စုတိုင်းပြည်" ဖြစ်တယ်ဆိုတာလည်းသတိမရ။ သတိလက်လွတ်နဲ့ ပြောချင်ရာတွေပြော။ အချိန်ရှိတိုင်း မင်းတို့ဗမာအရေးပဲ ရေးကြီးခွင်ကျယ်လုပ်နေရအောင် ဒီပြည်ထောင်စုကြီးက မင်းတို့လူမျိုး မင်းတို့လူတစ်စုဟာလား။ ဗမာမဟုတ်တဲ့ တိုင်းရင်းသားတွေက မင်းတို့ထင်သလိုခိုင်းစားတဲ့ လယ်ထွန်တဲ့နွားတွေမဟုတ်ဘူး။ မင်းတို့ဗမာတွေ ပြောပြောနေတဲ့ ပြည်နယ်ဆိုတာလည်း မင်းတို့ရွတ်ရွတ်နေတဲ့ ဇာတိမာန်သီချင်းတွေ မင်းတို့ပြောပြောနေတဲ့ အိပ်ယာဝင်ပုံပြင်တွေ(ဗမာအခေါ် သမိုင်း) ထဲကလို မင်းတို့ဗမာဘကြီးတွေရဲ့ လယ်ကွက်မဟုတ်ဘူးဆိုတာနားလည်ထားပါ။

လူမျိုးကြီးဝါဒီတွေလို့ ပြောပြန်ရင်လည်း ကြိုက်မှာမဟုတ်ဘူး။ မကြိုက်ရင်လည်း မတတ်နိုင်ပါ အပြောမခံချင်ရင် စရိုက်တွေကိုပြင် အပြောမခံရအောင်နေ။ ခုလည်းကြည့် Census ကောက်တော့မယ်တဲ့။ ဗမာကလွဲပြီး ကျန်တဲ့တိုင်းရင်းသားတွေကို သူတို့စိတ်ရှိတိုင်း လျှောက်ခွဲလိုက်တယ်။ ထည့်ချင်တဲ့ဟာကို သူတို့ကြိုက်တဲ့ ခေါင်းစဉ်ထဲပစ်ထည့်လိုက်တယ်။ ကချင်ကို 12 မျိုးခွဲလိုက်ပြီး သီးသန့်လူမျိုးဖြစ်အောင်လုပ်လိုက်တယ်။
လူမျိုးငယ် ethnic minority တွေကို လူမျိုးရေးအရ အရေအတွက်အရ အဖက်ဖက်ကအသာစီးပြီး ဝါးမြိုနေတာမဟုတ်ရင် ဒါတွေဘာသဘောလဲ။ ဘာရည်ရွယ်ချက်နဲ့လုပ်တာလဲ ပြောပါဦး။
Census လူဦးရေကောက်ခံမှု လူမျိုးနွယ်စုတစ်ခုရဲ့ အကြောင်းအရာနဲ့ပတ်သက်ပြီး ဘယ်လူထုကိုမှ ပညာပေးဟောပြောပွဲတွေမလုပ်
တတ်ကျွမ်းတဲ့ တိုင်းရင်းသားပညာရှင်တွေနဲ့ ဆွေးနွေးတိုင်ပင်တယ်ဆိုတာလည်း မကြားဖူးပါ။ သူတို့ဗမာ့ထိပ်သီး ညဏ်ကြီးရှင်တွေရဲ့ ဆုံးဖြတ်ချက်အတိုင်း ဗမာမဟုတ်တဲ့ တိုင်းရင်းသားတွေလည်စင်းခံရတာမကလို့ မျက်ကန်း ဆွံ့အနားမကြားတွေလို ဘာတစ်ခုမျှ ပြောဆိုပိုင်ခွင့်မရှိ။ ပြောဆိုပြန်ရင်မလည်း တရားမဝင်။ ငါ့စကားနွားရ ဆိုသလို ပြောချင်ရာပြောပြီး ကိုယ့်ဖာသာကိုယ် တရားဝင်ပါကြောင်းအတည်ပြုယူလိုက်တယ်။
ကဲခင်ဗျားတို့ မလွန်လွန်းဘူးလား။ ဗမာမဟုတ်တဲ့တိုင်းရင်းသားတွေကို သီးသန့်လူမျိုးတွေဖြစ်ပါတယ်ဆိုပြီး ခွဲချင်တိုင်းခွဲရအောင် တိုင်းရင်းသားတွေအကြောင်း ဘယ်လောက်သိထားလို့လဲ ပြောစမ်းပါဦး။ စာသင်ခန်းထဲက မင်းတို့ရဲ့ တစ်ဖက်သတ်လိုရာစွဲ အမြင်တွေနဲ့တော့ လာမတိုင်းတာနဲ့။

စာသင်ခန်းတွေမှာလည်း အချိန်ရှိတိုင်း ဗမာ့ ယဉ်ကျေးမှု ဘာသာ စာပေ ဗမာ့သမိုင်း ဗမာ ဗမာ....
တိုင်းရင်းသားတွေက နင်တို့ဗမာတွေပြောတိုင်း ခေါင်းငြိမ့်ခံ နှုတ်ပိတ်နေရအောင် ငါတို့က နွားမဟုတ်ဘူး။
ကိုယ့်ကိုယ်ကို သိပ်လည်းဘဝင်မြင့်မနေကြနဲ့။
တကယ်တမ်းပြောမယ်ဆိုရင် မင်းတို့ဗမာတိုင်းရင်းသား( State resident or nationality) တွေထဲက အရိုးသားဆုံး ဖြောင့်မှန်ဆုံးသောသူဆိုလို့ ဗိုလ်ချုပ်အောင်ဆန်း ပဲရှိပါတယ်။ တကယ်လည်း ဖြောင့်မတ်တည်ကြည်တဲ့သူပါ။
အပြောမခံချင်ရင် အပြောမခံရအောင်နေ။

By;Atsam@kachinland