မြန်မာ့လူ့အဖွဲ့အစည်းမှာ တော်လှန်ရေးလို့ပြောလိုက်ရင် အစိုးရကို ဆန့်ကျင်တဲ့ အလုပ်
အစိုးရကို ဆန့်ကျင်မှု လို့ပဲပြေးမြင်တတ်ကြတယ်။ ဒီလိုပဲနားလည်ထားကြတယ်။
တကယ်တော့် တော်လှန်ရေးဆိုတာ မိမိလက်ရှိအတွေးအခေါ်တစ်ခု အမြင် မူဝါဒတစ်ခုဟာ အလုပ်မဖြစ်တော့လို့
အလုပ်ဖြစ်တဲ့ အခြားတစ်ခုခုနဲ့အစားထိုးဖို့ တောင်းဆိုမှုတစ်ခုပါ။
ဒီလိုတောင်းဆိုမှုတွေကြောင့် အုပ်ချုပ်မှုတွေ၊ စိုက်ပျိုးရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး...စတာတွေမှာ
အတွေးအခေါ်အသစ်တွေ နည်းစနစ်အသစ်တွေ ပုံစံအသစ်တွေနဲ့တစ်ခုပြီး တစ်ခုအစားထိုးလာရတာပါ။
ဒီလိုတော်လှန်ရေးတွေကြောင့် အဟောင်းတွေနောက်ရောက်သွားပြီး အသစ် အသစ်တွေရှေ့ထွက်လာလို့ ဒီနေ့မြင်ရတဲ့အနေအထားမှာ ကမ္ဘ္ကာကြီးရှိနေတာပါ။

ဒါပေမယ့် တိုင်းပြည်ကို အုပ်ချုပ်တဲ့ လူတစ်စုဟာ
အလုပ်မဖြစ်တော့တဲ့ လက်ရှိအတွေးအခေါ်တစ်ခု အမြင် မူဝါဒကို ဆက်လက်လုပ်ကိုင်ထားဖို့ကြိုးပမ်းလာတဲ့အခါ  အစိုးရကို ဆန့်ကျင်မှု
ဆိုတဲ့ဘက်ကိုရောက်သွားတတ်ပါတယ်။
ဒါဟာ ယနေ့မြန်မာပြည်လို့ ပြောရင် မှားမယ်မထင်ဘူး။
ဒါကို အုပ်ချုပ်သူတွေက နိုင်ငံတော်ပုန်ကန်မှု
လို့ခေါင်းစဉ်တပ်တယ်။
ဒီနေ့မြန်မာနိုင်ငံသားတွေ တောင်းဆိုနေတဲ့ Democracy တို့ Self Administration တို့ဆိုတာလည်း တော်လှန်ရေးပါ။ ဘာနိုင်ငံတော် နိုင်ငံတော်ပျက်ဆီးအောင် ပုန်ကန်နေတာလည်း မဟုတ်ပါဘူး။ အလုပ်မဖြစ်တော့တဲ့ အတွေးအခေါ်ဟောင်း နည်းစနစ်ဟောင်းတွေကို အလုပ်ဖြစ်တဲ့ အခြားတစ်ခုခုနဲ့ အစားထိုးဖို့ တောင်းဆိုနေခြင်းပါ။

By; Atsam@kachinland