စားပွဲဝိုင်းအနုပညာကို နားမလည်တဲ့သူ

စားပွဲဝိုင်းအနုပညာ ဆိုတာ ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံများရဲ့ ပြဿနာဖြေရှင်းနည်းပါ။
ပြဿနာတော်တော်များများကို စားပွဲပေါ်မှာပဲ ချခင်းပြီးဖြေရှင်းလိုက်တာကိုပြောတာပါ
မြန်မာနိုင်ငံမှာတော့ အဲဒီလိုမဟုတ် ကိုယ်တိုင် ကိုယ်ထိလက်ရောက် ထုရ ဆစ်ရမှ နည်းနည်း စားဝင်အိပ်ပျော် ဂုဏ်ယူတတ်လေ့ရှိတော့ တော်ရုံနဲ့စားပွဲပေါ်မှာပြီးသွားမည့် ကိစ္စတွေလည်း အခန်းဆက်ဝတ္ထုတွေဖြစ်လို့ဖြစ်။

ဒီလိုစရိုက်တွေကပဲ မြန်မာ့ငြိမ်းချမ်းရေးကို ဆွဲဆန့်နေတာပါ။ ဘယ်သူဘာပြောပြော ငါပြောသည်သာ အမှန်။ ကျန်တာတွေအကုန် အမှား လို့သတ်မှတ်။ လေးစားမှုဆိုတာနားမလည် ကိုယ်ပြောလိုက်တဲ့စကား တန်ဖိုးရှိသလို သူပြောတဲ့စကားတွေ တန်ဖိုးရှိမှန်းလည်းမသိ
အလေးအနက်လည်းမထား
ငါ့စကားနွားရနဲ့ ပြောချင်တာတွေပဲ ပြောနေတော့ မဖြစ်ချင်တာတွေလည်းဖြစ်ကုန်ရော
ငါပြောတာပဲအမှန်ဆိုတော့ အဲဒီငါက မိုးပေါ်ကကျလာတာလား???

စားပွဲရှေ့ထိုင်းပြီး စကားပြောတိုင်း ဆွေးနွေးပွဲ (Dialogue) မဟုတ်ပါ။ ပြောသူရှိသလို နားထောင်သူလည်းရှိမှ ကိုယ်ဒီလို စဉ်းစားသလို သူလည်း တစ်ခြားတစ်ဖက်ဆိုတဲ့ရှတောင့်က ကြည့်နေပါလား ဆိုတာတွေသိတတ်မှ။ ဒါမှမဟုတ်ရင်တော့ သူလည်းပြောချင်ရာပြော ကိုယ်လည်းပြောချင်ရာပြောတဲ့ စကားများပြိုင်ပွဲ ပဲဖြစ်နေပါလိမ့်မယ်။ မှန်ကန်တဲ့ ရှိသင့် ဖြစ်ထိုက်တဲ့ ဆွေးနွေးပွဲ (Dialogue) ဖြစ်လာမှာမဟုတ်ဘူး။
ဒီလို Dialogue တွေကိုအလေးမထား (သို့မဟုတ်) မှန်ကန်တဲ့ ရှိသင့် ဖြစ်ထိုက်တဲ့ ဆွေးနွေးပွဲ (Dialogue) မရှိသရွေ့တော့ သွေးထွက်တဲ့နိုင်ငံရေးဆိုတဲ့ စစ်(War) ဆိုတာတွေရှိနေဦးမှာပါ။

By; Atsam@kachinland