မျှတတဲ့တွေးခေါ်တတ်မှုအတွက် ကောင်းမွန်တဲ့စာသင်ခန်းရှိဖို့လည်းလိုတယ်

သာယာငြိမ်းချမ်းတဲ့လူ့ဘောင်အဖွဲ့အစည်းဖြစ်ဖို့အတွက် အဲဒီလူ့အဖွဲ့အစည်းမှာ ယျေဘုယျအားဖြင့် မျှတတဲ့အတွေးခေါ် စီးဆင်းလည်ပတ်နေဖို့လိုတယ်
ဘယ်အကြောင်းအရာပဲဖြစ်ဖြစ် အကောင်း နဲ့ အဆိုး ရှိတယ် ဆိုတာကိုသဘာဝကျကျလက်ခံတတ်ရပါမယ်။

အဖြူရှိသလို သူနဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့ အမည်းလည်းရှိတယ်ဆိုတာသိတတ်ရပါမယ်။ လူပုဂိုလ်အားဖြင့်သော်လည်းကောင်း လူအုပ်စုတွေအနေနဲ့သော်လည်းကောင်း နေရာဒေသအနေနဲ့သော်လည်းကောင်း တိုင်းပြည် နိုင်ငံအားဖြင့်သော်လည်းကောင်း
သူ့သမိုင်းနဲ့သူ သူ့အကြောင်းနဲ့သူတန်ဖိုးရှိတယ်ဆိုတာကိုသိတတ်ရပါမယ်။
ဘယ်လောက်ပဲ ကိုယ်နဲ့ဆန့်ကျင်ဘက်ဖြစ်နေသော်လည်း မှန်ကန်နေပါက အရှိကိုအရှိတိုင်းလက်ခံတတ်ရပါမယ်
ကိုယ်နဲ့ဆန့်ကျင်ဘက်ဖြစ်တိုင်းမှားတယ်လို့ သတ်မှတ်လိုက်ရင်တော့  တစ်ဖက်သတ် တစ်ယူသန်အစွန်းရောက်နေတတ်ပါတယ်။

ဒီလို အစွန်းရောက်တဲ့ အတွေးခေါ်တွေရှိနေရင်တော့ လူ့အဖွဲ့အစည်းတစ်ခုရဲ့ ရေရှည်ခိုင်ခံ့ စစ်မှန်တဲ့ သာယာငြိမ်းချမ်းမှုကို ထိခိုက်တတ်ပါတယ်။ ဒါကြောင့် အတွေးအခေါ် အစွန်းမရောက်ဖို့လိုတယ်။ ဘာကြောင့်လဲဆိုတာ အဲဒီအစွန်းရောက်တဲ့ အတွေးအခေါ်ကပဲ အဲဒီလူကိုမောင်းနှင်လို့ဖြစ်တယ်။
အတွေးခေါ်တစ်ခု အစွန်းရောက်မရောက်ဆိုတာကလည်း အဲဒီလူသင်ကြားခဲ့တဲ့ စာသင်ခန်းက အရမ်းအဓိကကျပါတယ် စာသင်ခန်းဟာ အတွေးအခေါ်တစ်ခုရဲ့ ဇစ်မြစ်ဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ လူတစ်ယောက်ရဲ့အတွေးအခေါ်ဟာ သူသင်ယူစုဆောင်းခဲ့တဲ့အရာတွေပေါ်မှာပဲ အခြေခံပြီး ခြေကုပ်တည်ဆောက်ထားလို့ဖြစ်တယ်။ ဒါကြောင့် အတွေးခေါ်တစ်ခုရဲ့လားရာအစဟာ စာသင်ကျောင်းကလာတယ်လို့ပြောရင် မှားမယ်မထင်ဘူး။

  လူအုပ်စုတစ်စု လူမျိုးတစ်မျိုးရဲ့ ဘာသာရေး ယဉ်ကျေးမှု အစဉ်အလာ သမိုင်းကိုပဲ ဇောင်းပေးတဲ့ စာအုပ်တွေမဖြစ်သင့်ဘူး။ မျှတတဲ့အတွေးအခေါ်ကိုပေးတဲ့ လွတ်လပ်ပြီး တရားမျှတမှုကိုအားပေးတဲ့ ကောင်းမွန်တဲ့သင်ရိုး စာသင်ခန်းဖြစ်ဖို့လိုတယ်။

By; Atsam@kachinland