Windows 7 operating system ကို အသုံးပြုနေကြသူတွေ အတွက် command line တွေဟာ တစ်ခါတစ်ရံမှာ အကောင်းဆုံး ပြဿနာ ဖြေရှင်းနည်းတွေ ဖြစ်နေတတ်ပါတယ်။ Windows 7 desktop ပြဿနာကို လျင်မြန်စွာ ဖြေရှင်းနိုင်ဖို့ အခြေခံ အကျဆုံး command line (၁၀) ခုကို တင်ပြပေးလိုက်ပါတယ်။

(1) System File Checker

Manlicious software ဟာ ကွန်ပျူတာ စနစ် တစ်ခုလုံးကို ထိန်းချုပ်ဖို့ အတွက် အဓိက system file တွေ နေရာမှာ အစားထိုး နေရာယူလေ့ ရှိပါတယ်။ ဒါကြောင့် Windows system file တွေ မှန်ကန်မှု ရှိ၊ မရှိ ဆိုတာကို system file checker နဲ့ အသုံးပြုပြီး စစ်ဆေးကြည့်သင့်ပါတယ်။ System File Checker ကို ခေါ်ယူ အသုံးပြုနိုင်တဲ့ command ကတော့ "sfc/scannow" ဖြစ်ပါတယ်။

(2) File Signature Verification

System မှန်ကန်မှု ရှိ၊ မရှိ ဆိုတာကို စစ်ဆေးဖို့အတွက် သေချာတဲ့ နည်းလမ်း တစ်ခုကတော့ system file တွေ အားလုံးကို ဒီဂျစ်တယ်နည်းနဲ့ အမှတ်အသား ပြုလုပ်ဖို့ပါပဲ။ ဒီလို ပြုလုပ်ဖို့အတွက် File Signature Verification tool ကို အသုံးပြုနိုင်ပါတယ်။ ဒီ tool က command line နဲ့ ခေါ်ယူရတာ ဖြစ်ပေမယ့် GUI interface နဲ့ အသုံးပြုရမှာ ဖြစ်ပြီး ဘယ် system file တွေက အမှတ်အသား ပြုလုပ်ထားတယ်၊ မထားဘူး ဆိုတာကို ပြောပြပေးမှာ ဖြစ်ပါတယ်။ File Signature Verification tool ကို "sigverif" ဆိုတဲ့ command line နဲ့ ခေါ်ယူနိုင်ပါတယ်။

(3) Driverquery

မှားယွင်းနေတဲ့ device driver တွေဟာ system ပြဿနာ အချို့ကို ဖြစ်ပေါ်စေပါတယ်။ Windows 7 system မှာ ဘယ်လို driver တွေ ထည့်သွင်းထားတယ် ဆိုတာကို driverquery tool နဲ့ ခေါ်ယူ ကြည့်ရှုနိုင်ပါတယ်။ ဒီ tool ကိုတော့ "driverquery" command နဲ့ ခေါ်ယူနိုင်ပြီး အချက်အလက်တွေ ပိုမို ပြည့်စုံစွာ သိရှိလိုတယ်ဆိုရင် "driverquery-v" နဲ့ driver ရဲ့ signature ကို သိလိုတယ် ဆိုရင်တော့ "driverquery-si" ဆိုပြီး ခေါ်ယူနိုင်ပါတယ်။

(4) Ns look up

Nslookup tool ကတော့ DNS name resolution မှန်ကန်စွာ အလုပ်လုပ်ခြင်း ရှိ၊ မရှိ ဆိုတာကို စစ်ဆေးဖို့ ကူညီပေးနိုင်ပါတယ်။ စစ်ဆေးလိုတဲ့ host name ကို nslookup နဲ့ run လိုက်တဲ့အခါ ဒီ tool က ၎င်း host name နဲ့ ပတ်သက်ပြီး ဖြေရှင်းပေးမှာ ဖြစ်သလို lookup ပြုလုပ်နေစဉ်အတွင်း အသုံးပြုလိုက်တဲ့ DNS server ကိုလည်း ဖော်ပြပေးမှာ ဖြစ်ပါတယ်။ မှန်ကန်မှု မရှိတော့တဲ့ DNS record တွေနဲ့ ဆက်စပ်နေတဲ့ ပြဿနာတွေကို အဖြေရှာရာမှာ အလွန် အသုံးဝင်ပါတယ်။ ဒီ tool ကို အသုံးပြုဖို့ အတွက်က်တော့ nslookup command ထဲကို ဝင်ရောက်လိုက်ပြီး ဖြေရှင်းလိုတဲ့ host name ကို နောက်ကနေ ထည့်ပေးလိုက်ရုံပါပဲ။ ဥပမာ "nslookup dc1.contoso.com" ဆိုပြီး ဖြစ်ပါတယ်။

(5) Ping

Ping ကတော့ ကွန်ပျူတာ ချွတ်ယွင်းချက်ကို အဖြေရှာတဲ့ command တွေထဲမှာ အရိုးရှင်းဆုံး ဖြစ်ပါတယ်။ Network host ရဲ့ အခြေခံ TCP/IP ချိတ်ဆက်မှုတွေကို ကြည့်ရှုဖို့အတွက် အသုံးပြုနိုင်ပြီး ping command ထဲမှာ စမ်းသပ်လိုတဲ့ IP address ကို ရိုက်ထည့်လိုက်ရုံပါပဲ။ ဥပမာ "ping 192.068.1.1" ဆိုတာမျိုးပါ။ ဒီ command အသုံးပြုတဲ့အခါ တစ်ခု သတိထားရမှာက ICMP traffic လို့ခေါ်တဲ့ Internet Control Message Protocol ကို ကွန်ပျူတာ firewall က ခွင့်ပြုပေးရမှာ ဖြစ်ပါတယ်။

(6) Path Ping

တကယ်လို့များ firewall က ICMP traffic ကို ခွင့်မပြုတာကြောင့် ping ရဲ့ လုပ်ဆောင်ချက် မအောင်မြင်ခဲ့ဘူးဆိုရင် pathping utility ကို အသုံးပြုပေးနိုင်ပါတယ်။ Pathping ကိုတော့ host တွေအကြားမှာ ရှိတဲ့ တစ်ခုထက်ပိုတဲ့ router တွေရဲ့ စွမ်းဆောင်ရည်ကို စစ်ဆေး ကြည့်ရှုဖို့အတွက် အသုံးပြုနိုင်ပါတယ်။ ဒီ command ကိုလည်း ping ကို ခေါ်ခဲ့တဲ့ အတိုင်း "pathping 192.168.1.1" ဆိုပြီး ခေါ်ယူနိုင်ပါတယ်။

(7) IP config

ကွန်ပျူတာ တစ်လုံးရဲ့ IP address တွေကို ကြည့်ရှုဖို့အတွင် ipcofig command ကို အသုံးပြုနိုင်ပါတယ်။ Windows 7 system တစ်ခုလုံးရဲ့ IP configuration အပြည့်အစုံကို သိရှိလိုတယ်ဆိုရင် "ipconfig/all" ကို အသုံးပြုနိုင်ပြီး လက်ရှိ အသုံးပြုနေတဲ့ IP address ကို အသစ် ပြန်လည် ပြုလုပ်လိုတယ် ဆိုရင်တော့ "ipconfig/release ipconfig/renew" ဆိုပြီး ခေါ်ယူနိုင်ကာ DNS resolver cache ကို ဖော်လိုတယ် ဆိုရင်တော့ "ipconfig/flushdns" ဆိုပြီး ခေါ်ယူနိုင်ပါတယ်။

(8) Repair-bde

တကယ်လို့ Bitlocker နဲ့ encrypt ပြုလုပ်ထားတဲ့ drive ပြဿနာ ဖြစ်လာခဲ့မယ်ဆိုရင် repair-bde command ကို အသုံးပြုပြီး အချက်အလက်တွေကို ပြန်လည် ရယူနိုင်ပါတယ်။ ဒီ command ကို အသုံးပြုဖို့အတွက် အချက်အလက်တွေကို သိမ်းဆည်းပေးမယ့် destination driver တစ်ခုရဲ့ အမည်နဲ့ BitLocker recovery key ဒါမှမဟုတ် recovery password တို့ လိုအပ်ပါတယ်။ ခေါ်ယူနိုင်တဲ့ command ကတော့ "repair-bde-rk|rp" ဖြစ်ပါတယ်။ ဥပမာ "repair-bde c:d:-rk e:\recovery.bek"နဲ့ "repair-bed c:d:-rp 111111-111111-111111-111111-111111-111111" ဆိုပြီး ဖြစ်ပါတယ်။

(9) Task list

Tasklist command ကတော့ Windows 7 system မှာ အသုံးပြုနေတဲ့ လုပ်ဆောင်ချက်တွေရဲ့ အချက်အလက်တွေကို ကြည့်ရှုတာပါ။ "tasklist" command မှာ အခြား ရွေးချယ်စရာ ခေါ်ယူစရာ function တွေလည်း များစွာ ရှိပါတယ်။ ဥပမာ လုပ်ဆောင်ချက် တစ်ခုနဲ့ ပတ်သက်ပြီး ၎င်းနဲ့ ဆက်စပ်နေတဲ့ DLL module တွေ အားလုံးကို ဖော်ပြစေချင်တယ်ဆိုရင် "tasklist-m" ကို အသုံးပြုနိုင်ပြီး လုပ်ဆောင်ချက် တစ်ခုချင်းစီကို ထောက်ပံ့ပေးထားတဲ့ ဝန်ဆောင်မှုတွေကို သိလိုတယ် ဆိုရင်တော့ "tasklist-sve" ဆိုပြီး ခေါ်ယူ ကြည့်ရှုနိုင်ပါတယ်။

(10) Task kill

Taskkill command ကတော့ လုပ်ဆောင်ချက် တစ်ခုချင်းစီကို အမည်နဲ့ ဖြစ်စေ၊ process ID နဲ့ ဖြစ်စေ ခေါ်ယူပြီးတော့ ပိတ်နိုင်စေမှာ ဖြစ်ပါတယ်။ "taskkill" ဆိုတဲ့ command ရဲ့ အနောက်မှာ မိမိ အဆုံးသတတ်လိုတဲ့ လုပ်ဆောင်ချက် တစ်ခုကို ၎င်းရဲ့ အမည် ဒါမှမဟုတ် process ID ဒါမှမဟုတ် ပုံရဲ့ အမည် အစရှိသဖြင့် ထည့်သွင်း ဖော်ပြပြီးတော့ အဆုံးသတ်နိုင်ပါတယ်။ ဥပမာ process ID နဲ့ ခေါ်ယူမယ်ဆိုရင် taskkill command ရဲ့ နောက်မှာ -ipd(process ID) ကို ထည့်သွင်းပြီး ခေါ်ယူနိုင်သလို ပုံနာမည်နဲ့ ခေါ်ယူချင်တယ် ဆိုရင်လည်း -im(image name) ကို taskkill ရဲ့ နောက်ဖက်မှာ ထည့်သွင်းပြီး ခေါ်ယူနိုင်ပါတယ်။

Credit to; ၀င်းလှိုင်