Android ဖုန်း/Tablet
တွေအတွက် March 17 ရက်နေ့မှာထပ်မံထွက်ရှိလာတဲ့ InstaPlace Pro ဗားရှင်းအသစ် v3.0.1ကိုတင်ပေးလိုက်ပါတယ်။
ဒီဆော့ဝဲလေးကတော့ ဖုန်းနဲ့မကြာခဏဓာတ်ပုံရိုက်တတ်သူတွေကြိုက်နှစ်သက်ကြမှာပါ။ ဥပမာ- ကျွန်တော်က
Paris ရောက်နေလို့ Paris မျှော်စင်ကြီးကိုဓာတ်ပုံရိုက်လိုက်တယ်ဆိုပါစို့ ။ ဓာတ်ပုံထဲမှာ
မိမိရောက်နေတဲ့ နေရာဒေသရဲ့ နာမည်ကို InstaPlace ဆော့ဝဲက auto ဖြည့်ပေးသွားမှာပါ။ I
love Paris ဆိုပြီးတော့ပေါ့ ။ ဒီဆော့ဝဲကိုအသုံးမပြုခင်မှာ ဖုန်းမှာအင်တာနက်တော့ဖွင့်ထားဖို့လိုပါတယ်။
ပေါ်ချင်တဲ့ စာလုံးဒီဇိုင်းကိုလည်းကြိုက်တာပြောင်းနိုင်ပါသေးတယ်။ Google Play မှာ
download လုပ်မှုအများဆုံး application စာ၇င်းဝင်တဲ့ ဓာတ်ပုံဆော့ဝဲလေးလည်းဖြစ်ပါတယ်။
InstaPlace v3.0.1ကို Google Play မှာ 2.99 ဒေါ်လာနဲ့ရောင်းပါတယ်။ လိုအပ်သူများ ယူသွားလိုက်ပါဗျာ။
0 Comments
Post a Comment