Memorial milestone of 53th Of Kachin Revolution Day(1961-2014)
5th Febuary 2014 (Wednesday)



စစ်ဆိုတာငရဲပဲ သို့ပေမယ့် ငြိမ်းချမ်းရေးအတွက်စစ်တိုက်ရမယ်"
2012နိုဝင်ဘာလ ရွေးကောက်ပွဲမတိုင်ခင် လက်ရှိအမေရိကန်သမ္မတ
Mr.Barack Obama က သူရဲ့ဒုတိယသမ္မတသက်တမ်း ရွေးကောက်ပွဲဝင်ဖို့ မဲဆွယ်တဲ့ကာလ Campaign လုပ်စဉ်ပြောသွားတဲ့ မိန့်ခွန်းပါ။


အဲဒီအချိန်မှာ အီရန်ကို IAEA ကတားမြစ်ထားတဲ့ကြားက နျူကလီးယားလက်နက်အတွက်
ယူရေနီယမ်သန့်စင်မှုကို ဆက်လက်လုပ်ဆောင်ခဲ့တဲ့အတွက် အမေရိကန်က
သတိပေးတဲ့အနေနဲ့ သွယ်ဝိုက်ပြောဆိုသွားခြင်းပါ။
စစ်ဆိုတာ ငရဲပဲ။ ဒါပေမယ့်ကချင်တွေ 1961 ကနေ အခုထိ နှစ်ပေါင်း 50ကျော် တော်လှန်ခဲ့တာ တော်လှန်နေတာဟာ ငရဲသွားနေတာမဟုတ်ဘူး ငရဲသွားချင်လို့မဟုတ်ဘူး။ စစ်ဖြစ်လာရင် မဖြစ်ချင်တာတွေ မကြားချင်တာတွေ   မမြင်ချင်တာ မြင်ရကြားရ မယ်ဆိုတာ စဉ်းစားတတ်သူတိုင်းသိပါတယ်။ စစ်ကြောင့် လူသတ် မုဒိန်းကျင့် ရွာမီးရှို့ church တွေမီးရှို့ ဖျက်ဆီးခံလိုက်ရတယ် နဂိုထဲက မရှိမဲ့ ရှိမဲ့နဲ့ လည်ပတ်နေရတဲ့ကချင်ပြည်သူတွေ မြောင်းထဲရောက်သွားတယ်။ စစ်ကြောင့် ငြိမ်းချမ်းရေး တည်ငြိမ်မူတွေပျောက်ကွယ်သွားရတယ်။
ဒီလိုဒုက္ခရောက်သွားမယ်ဆိုတာကိုသိသိကြီးနဲ့ မျက်စိမှိတ်မိုက်ကန်းနေတာမဟုတ်ဘူး။ အစော်ကားခံ ဖိနှိပ်အုပ်ချုပ်မှု အဆင့်အတန်း အတန်းအစားခွဲခြားဆက်ဆံခံရမှု ရှိသမျှအခွင့်အရေးတွေလက်လွတ်ဆုံးရှုံးရမှု....စသည် စသည်တွေကို မခံနိုင်တော့တဲ့အဆုံး ဒီတိုင်းငုတ်တုတ်ထိုင် မျက်စိမှိတ်ခေါင်းငြိမ့်နေတာ မဖြစ်တော့ဘူးဆိုတဲ့အသိနဲ့ တစ်ဆင့်တက်လာခြင်းပါ။ ပါးစပ်နဲ့တောင်းဆိုနေတာ (သို့) စားပွဲပေါ်ကတော်လှန်ရေးနဲ့ အလုပ်မဖြစ်တော့လို့ တစ်ဆင့်တက်ပြီး လက်နက်ကိုင်လာရတာပါ။ 

နှစ်ပေါင်းများစွာ တောင်းဆိုခဲ့ တော်လှန်ခဲ့ပေမယ့် ဘာတစ်ခုမှမရခဲ့ပါ။ ရတာဆိုလို့ ဗမာလူညစ်ပတ်တွေရဲ့ အလိမ်တော်မှု ကတိမတည်မှု မလိမ့်တစ်ပတ်နဲ့ လက်တစ်လုံးခြားလည့်ဖြားမှုတွေချည်းပဲ။ ဗမာတွေဒီလို လေ့ကျင့်ပေးခဲ့လို့ပဲ အပစ်အခတ်မရပ်ပဲ နိုင်ငံရေးဆွေးနွေးမှုအရင်လုပ်မယ်ဆိုပြီး ethic minority တွေရဲ့ပါးစပ်ကထွက်လာရခြင်းပါ။ ဒါကို နိုင်ငံရေးအမြင် အမျိုးသားရေးအမြင်ကျဉ်းမြောင်းတဲ့သူတွေလို့က ပြောလိုက်သေး။ 

ဒီလိုညစ်ပတ်တဲ့ ရွန်စရာကောင်းတဲ့စရိုက်တွေကို မကြိုက်ရာက မကြည့်ချင်တော့တဲ့အဆုံး စစ်တိုက်လာရတာပါ။ စစ်တိုက်တယ်ဆိုတာ ယဉ်ကျေးတဲ့ ခေတ်မှီတိုးတက်တဲ့လူ့အဖွဲ့အစည်းမှာတော့ လူအ လူတုန်းရဲ့ ပြသာနာဖြေရှင်းနည်းပါပဲ။ စစ်ဖြစ်လာပြီဆိုရင် စစ်ဖြစ်တဲ့လူ့အဖွဲ့အစည်းနှစ်ခုလုံး တည်ငြိမ်အေးချမ်းသာယာမှု ငြိမ်းချမ်းရေးတွေ ဆုံးရှုံးရတယ်။ ဒါပေမယ့် စစ်မှန်တဲ့ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းမှုအတွက် စစ်တိုက်ရတတ်တယ်။
--------------
Febuary 5 ရက်နေ့ကျရောက်သော 53နှစ်မြောက် ကချင်တော်လှန်ရေးနေ့အားဂုဏ်ပြုတဲ့အနေဖြင့်
---------------------
By; Atsam@kachinland