WhatsApp
လို့အမည်ရတဲ့ ကမ္ဘာ့လူသုံးများ Messaging App တစ်ခုကို Faecbook တို့ အပြီးတိုင် ဝယ်ယူ
လိုက်ကြောင်း သိရ ပါတယ်။ ငွေကြေး အားဖြင့် ၁၆ ဘီလျံနဲ့ ဝယ်ယူလိုက်ခြင်း ဖြစ်ပြီး
WhatsApp ဝန်ထမ်း များကို ၃ ဘီလျံ ပေးအပ်ခြင်းကြောင့် စုစုပေါင်း ၁၉ ဘီလျံ တန်ဖိုးနဲ့
ဝယ်ယူ လိုက်ခြင်း ဖြစ်ပါတယ်။ လက်ရှိ
WhatsApp
ကို အသုံးပြုသူ ကမ္ဘာပေါ်မှာ သန်း ၄၅၀ ကျော် ရှိပြီး Facebook နဲ့ ပူးပေါင်းလိုက်ခြင်း
ကြောင့် ၁ ဘီလျံမကသော ကမ္ဘာ့လူဦးရေ သို့ ပျံ့နှံ့စေမှာ ဖြစ်ကြောင်း ဇူကာဘတ်က ဆိုပါတယ်။
လက်ရှိ Facebook ရဲ့ အောင်မြင်နေတဲ့ Messenger နဲ့လည်း ပြိုင်ဘက် ဖြစ်စေမှာ မဟုတ်ကြောင်း
ဆိုပါတယ်။ WhatsApp ကိုလည်း ဝယ်ယူလိုက်ပေမယ့် တစ်သီးတစ်ခြား ရပ်တည်စေမှာ ဖြစ်ပါတယ်။
ဝန်ထမ်းကော၊ စီအီးအို ကော လက်ရှိ လုပ်ကိုင်ပုံကိုကော ပြောင်းလဲမှာ မဟုတ် ပါဘူး။
WhatsApp ကို Android, iOS, Windows Phone, BlackBerry တို့မှာ အသုံးပြုနိုင်အောင်
ဖန်တီး ထားပါတယ်။ ပထမနှစ် အသုံးပြုမှုအတွက် အခမဲ့ သတ်မှတ် ထားပြီး နောက်နှစ်တွေကျရင်
တစ်နှစ်ကို ၉၉ ဆန့် ကောက်မှာ ဖြစ်ကြောင်း ဆိုပါတယ်။ ဒီတော့ မြန်မာငွေ နဲ့ တွက်ရင် လက်ရှိကာလ
အရ ၈၀၀ ဝန်းကျင်လောက် ကုန်ကျမှာ ဖြစ် ပါတယ်။ တစ်နှစ်စာဆိုတော့ တန်ပါတယ်။ သို့ပေမယ့်
အရင်တုန်းက အခမဲ့ အသုံးပြုခွင့်ပေးခဲ့ ရာကနေ ငွေ စကောက်တာ ဆိုတော့ စီးပွားအမြတ် တစ်ခု
ရှာဖွေခြင်း တစ်မျိုးသာ သာ ဖြစ်ပါတယ်။ အသုံးပြုသူ ၁ ဘီလျံရှိလာရင် တစ်ဦးကို ၁ ဒေါ်လာဆိုတော့
နှစ်စဉ် အမေရိကန်ဒေါ်လာ ၁ ဘီလျံက ဝင်နေမှာ ဖြစ်ပါတယ်။ Facebook က WhatsApp ကိုဝယ်ဖို့
အတွက် ၄ ဘီလျံကို လက်ငင်း ရှင်းလိုက်ပြီး ၁၂ ဘီလျံကို စတော့ထဲကနေ ပေးခြင်း ဖြစ်ပါတယ်။
WhatsApp အဖွဲ့မှလည်း Facebook နဲ့ ပူးပေါင်း လုပ်ကိုင်ခွင့် ရရှိခြင်း အတွက် အထူးပင်
ဝမ်းသာကြောင်း ပြောကြားခဲ့ ပါတယ်။
By; Astam@kachinland
Credit to; Aung
Kham
0 Comments
Post a Comment