.com ဒိုမိန်းနဲ့ .com.mm ဒိုမိန်းနဲ့ မတူပါဘူ။ .com.mm ဒိုမိန်းကို Top Level Domain လို့ သတ်မှတ် ပါတယ်။ ဥပမာ www.smart.com.mm , www.job.com.mm , www.colay.com.mm အစရှိတဲ့ ဆိုဒ်မျိုးတွေဆိုရင် TLD တွေ ဖြစ်ပြီး. www.aungkyat.com , www.yoyarlay.com တို့ဆိုရင် TLD စာရင်းမဝင်ပါဘူး။ သေချာ ရှင်းရမယ်ဆိုရင်- .com က Communication, Computer တို့လို ထင်ရင် မှားသွားပါမယ်။ သူက commercial လို့ ဘာသာပြန် ပါတယ်။ Commercial လို့ဆိုတဲ့ ဆိုဒ်က အကျိုးအမြတ် အတွက် ရည်ရွယ်ပြီး ဖန်တီးထားခြင်း ဖြစ်ပါတယ်။ .net ကတော့ network and computer ဖြစ်ပြီး နည်းပညာဆိုင်ရာ များကို သီးသန့် Show လုပ်လို့အတွက် ရည်ရွယ် ပါတယ်။ .org ကျတော့ Organization ကို ကိုယ်စားပြုပြီး Non Profit Organization တွေအတွက် အသုံးပြုဖို့ ရည်ရွယ် ပါတယ်။ ဒိုမိန်း အနောက်က .com/ .net/ .org တွေ ပြောင်းပေမယ့် technical အရ ပြောင်းလဲမှု မရှိပါဘူး။ အမေရိကန်မှာဆိုတော့ .com/ .net/ .org တို့ကို Top Level Domain လို့သတ်မှတ်ပါတယ်။ governmental site များရဲ့ TLD ဆိုရင် .gov နဲ့ အများစု ဆုံးကြ ပါတယ်။
သို့သော် ယူကေ မှာဆိုရင်တော့ .co.uk ဆိုတာနဲ့ ဆုံးမှ TLD လို့သတ်မှတ်ပါတယ်။ ဂျပန်မှာဆိုရင် .jp , မြန်မာမှာ ဆိုရင် .mm နဲ့ ဆုံးမှ TLD လို့ သတ်မှတ် ပါတယ်။ ပိုအသေးစိတ် ပြောရင်ရင် Country Top Level Domain လို့ ဆိုလိုခြင်း သဘော ဖြစ်ပါတယ်။ .com ကို TLD မဖြစ်ဘူးလို့ပြောတာ မဟုတ်ပါဘူး။ နိုင်ငံအလိုက် သူ့ထက် ပိုပြီးတော့ ကြီးတဲ့ တစ်ဆင့် ကျန်လို့ပါ။ ဒါတွေကို သတ်မှတ်ပေးတဲ့ အဖွဲ့အစည်းက အမေရိကန်မှာ အခြေဆိုက် ပါတယ်။ ဒိုမိန်းအမည်တွေကို ကိုယ်ယူချင် သလို၊ ပေးချင် သလိုမဟုတ်ပဲ အားလုံး Standard တစ်ခုတည်း ယူကြခြင်း ဖြစ်ပါ တယ်။ မြန်မာပြည် ကိုဆိုရင် .mm နဲ့ ဆုံးဖို့ သဘောတူညီခဲ့ခြင်း ဖြစ်ပါတယ်။ ဒီတော့ .mm နဲ့ ဆုံးတဲ့ ဆိုဒ်ကိုဝင်ရင် မြန်မာပြည် ဝဘ်ဆိုဒ်ဆိုတာ လူတိုင်းသိစေ ပါတယ်။ .com ဝယ်သင့်လား .com.mm ဝယ်သင့်လား ဒါက ရွေးချယ်သူ အပေါ်မှာပဲ မူတည်ပါတယ်။ ကိုယ့်ဆိုဒ်က ကမ္ဘာ့ ဈေးကွက်ကို ရည်ရွယ် တယ်။ မြန်မာပြည် တစ်ခုတည်းအတွက် မဟုတ်ဘူးဆိုရင် .com နဲ့ပဲ သုံးသင့်ပါတယ်။
မြန်မာပြည်က visitor များကိုပဲ ရည်ရွယ် တယ်ဆိုရင်တော့ .com.mm ကို ပိုသင့်တော်ပါတယ်။ ဒီတော့ ကမ္ဘာ့ စီးပွားရေး လုပ်ငန်းရှင်များက မြန်မာပြည် visitor အဓိကထားလာတဲ့ ဆိုဒ်ကို ရွေးချယ်ပြီး ကြော်ငြာ ထည့်မယ်ဆိုရင် .com.mm ကိုပိုပြီးတော့ Prefer ဖြစ်ပါတယ်။ ပုံသေတော့ မဟုတ်ပါဘူး။ Top Ranking ကိုစစ်ဆေးပြီး .com က .com.mm ထက် ပိုသာနေရင်တော့ .com ကိုပဲ ရွေးချယ်ပြီး ကြော်ငြာ ထည့်သွား မှာပါ။ ဒီတော့ .com နဲ့ .com.mm ကွဲပြားခြားနားချက်ကို သိပြီလို့ မျော်လင့်ပါတယ်။ 

By; Astam@kachinland
Credit to; Aung Kham