်Chemical weapon news ဓါတုလက်နက်စက်ရုံသတင်းနဲ့ တာလတ်ပစ် ဒုံးလက်နက် ထုတ်လုပ်မှုနောက်မှာ မှတ်ချက်ပေးလာသူတွေ မနည်းပါ။ သတင်းအောက်မှာ အကိုးအကားကို အင်္ဂလိပ်လိုတင်ထားပါသေးတယ်။ စုံစေ့အောင်လေ့လာပြီးမှ မှတ်ချက်ပေးကြတာ ပိုသင့်ပါတယ်။

အချုပ်ပြောရရင် ဒီလက်နက်သတင်းတွေနဲ့ဆက်လို့ မြောက်ကိုရီးယားနဲ့ဆက်ဆံရေး၊ ရုရှားနဲ့ဆက်ဆံရေးမှာ စစ်အစိုးရဟာ ဖုံးဖိကာကွယ်နေရပါတယ်။ နိုင်ငံတကာကို အဲဒါတွေ လုံးဝ မလုပ်ပါဘူးလို့ ပြောရတယ်။ လာစစ်ပါဆိုတာလဲ လုပ်ခဲ့ရပြီး ဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာစာချုပ်တချို့ကိုလဲ လက်မှတ်ရေးထိုးထားပါသေးတယ်။ မထိုးသေးတာလဲရှိတယ်။ ဥပမာ Hague Code of Conduct against Ballistic Missile Proliferation (HCOC) တိုက်ခြင်းပြစ်ဒုံးကျည်စာချုပ်။

• Surface-to-air missiles (SAMs) တရုပ်နဲ့ ရုရှားလုပ် မြေပြင်မှဝေဟင်ပြစ် ဒုံးကျည် နည်းနည်းတော့ ပိုင်ထားပါတယ်။ Hong Ying-5, 9K38 Igla နဲ့ 9K310 Igla-1 လူသယ်ယူပစ်ခတ်နိုင်တာမျိုးတွေ ပါတယ်။ British Bloodhound Mk2, 2K12 Kub (2K12 Куб), S-125 Pechora-2M (Печора-2M) နဲ့ Hongqi-2 SAMs တွေလဲရှိပါတယ်။
• မြန်မာနဲ့ မြောက်ကိုရီးယား သံတမန်ဆက်ဆံရေးကို ၂ဝဝ၇ မှာ ပြန်လုပ်ခဲ့တယ်။ ၂ဝဝ၈ နိုဝင်္ဘာလထဲမှာ သူရရွှေမန်း မြောက်ကိုရီးယားကို သွားခဲ့တယ်။ လေကြောင်းရန် ကာကွယ်ရေး ရေဒါစခန်းနဲ့ ဒုံးကျည်နဲ့ ဆိုင်တဲ့ နေရာတွေကို လည်ခဲ့တယ်။ Igla SAMs နဲ့ Scud missiles ဒုံးကျည်လုပ်စက်ရုံတွေလဲပါတယ်။ မြန်မာ့ Scud missile ဒုံးကျည်စက်ရုံ အမှတ် ၁၂၅ ဟာ မြောက်ကိုရီးယားကနေလာတာ ဖြစ်တယ်။
• ၂ဝဝ၉ တုံးက မြောက်ကိုရီးယားသင်္ဘော Kang Nam I ဟာ မြန်မာနိုင်ငံကိုဦးတည်ထုတ်မောင်းနေတာကို အမေရိကန်က သိသွားလို့ နောက်ပြန်လှည့်သွားခဲ့ရတယ်။ ၂ဝ၁၁ မှာ M/V Light သင်္ဘောလဲ အလားတူ ပြန်လှည့်သွားခဲ့ရတယ်။
• ၂ဝ၁၂ သြဂုတ်လထဲမှာ ဂျပန်ကနေ သတ္တုပိုက် ၅ဝ နဲ့ အလူမီနီယမ် သတ္တုရောပိုက် ၁၅ ခုကို ဖမ်းဆီးနိုင်ခဲ့တယ်။ ဒါတွေက နူကလီးယားနဲ့ ဒုံးကျည် ထုတ်လုပ်ရာမှာ သုံးတာတွေဖြစ်တယ်။ သင်္ဘောဟာ ရန်ကုန်အခြေစိုက် တည်ဆောက်ရေးကုမ္ပဏီကိုသွားဘို့ဖြစ်တယ်။ ပစ္စည်းတွေမှာ DPRK လို့ပါရှိပြီး မြောက်ကိုရီးယားနယ်စပ်နားက တရုပ်နိုင်ငံ Dalian ဆိပ်ကမ်းကနေ လာတာဖြစ်တယ်။
• ဂျပန် Toko Boeki ကုမ္ပဏီထုတ် နှစ်မျိုးသုံးဆလင်ဒါတွေ မြန်မာနိုင်ငံက ရရှိတယ်လို့ ၂ဝဝ၈ သတင်းထဲမှာ ပါခဲ့သေးတယ်။ ဂျပန်အစိုးရကနေ ကုမ္ပဏီပူးတွဲတည်ထောင်သူ Li Gyeong Ho ကို တရားစွဲလိုက်တယ်။ သူဟာ ၂ဝဝ၈ စက်တင်္ဘာလနဲ့ ၂ဝဝ၉ ဇန္နဝါရီလထဲမှာ မြန်မာနိုင်ငံကို ပစ္စည်းတွေ ပို့ခဲ့လို့ဖြစ်တယ်။ သူ့ကုမ္ပဏီဟာ မြောက်ကိုရီးယားက New East International အတွက်ထုတ်လုပ်ပေးတာ ပေါ်သွားတယ်။
• ၂ဝဝ၃ ဇူလိုင်လထဲမှာ အမေရိကန်ကနေ ဗိုလ်ချုပ်သိန်းဌေးကို မြောက်ကိုရီးယားကိစ္စနဲ့ဆက်စပ်ပြီး ဒဏ်ခတ် အရေးယူမှု လုပ်လိုက်တယ်။ သူဟာ Directorate of Defense Industries (DDI) အကြီးအကဲဖြစ်ပြီး စစ်လက်နက်ဝယ်ယူမိန့်အမှတ် Executive Order (E.O.) 13619 ကို လက်မှတ်ထိုးခဲ့သူဖြစ်တယ်။
• မြန်မာနိုင်ငံဟာ Treaty on the Nonproliferation of Nuclear Weapons (NPT) မှာပါဝင်ထားပေမဲ့ Biological ဇီဝလက်နက်နဲ့ Toxin Weapons Convention (BTWC) အဆိပ်သင့်လက်နက်အပြင် Chemical Weapons Convention (CWC) တွေကို လက်ခံဘို့လုပ်မထားသေးဘူး။
• မြန်မာနိုင်ငံဟာ အခုထိတော့ chemical weapons (CW) program ဓါတုလက်နက်တွေ ပိုင်ထားတယ်လို့ အတည်မပြုနိုင်သေးပါ။ သံသယတွေနဲ့ သတင်းတွေတော့ အများအပြားရှိနေတယ်။
• ၁၉၉၃ မှာ Chemical Weapons Convention (CWC) ကို လက်မှတ်ထိုးထားပေမဲ့ 1925 Geneva Protocol ကို လက်မှတ်မထိုးသေးပါ။
• ၂ဝ၁၃ ဒီဇင်္ဘာလထဲမှာတော့ လွှတ်တော်ကအတည်ပြုချက်ရရင် (CWC) ကို လိုက်နာကျင့်သုံးပါမယ်လို့ ပြောလာတာရှိတယ်။

By; ဒေါက်တာတင့်ဆွေ
၁-၂-၂ဝ၁၄
Credit to; လွင်သန္တာစိုး