မတူကွဲပြားတာကို လက်ခံတတ်ပါ

အသိညဏ်ရှိတဲ့ တန်ဖိုးကိုနားလည်တဲ့ ဘယ်သူမဆို ကိုယ့်လူမျိုးကိုတန်ဖိုးထားတတ်ကြပါတယ်။ ကိုယ့်လူမျိုးမှမဟုတ် မိမိပိုင်ဆိုင်တဲ့ အရာအားလုံးကိုတန်ဖိုးထားတတ်ကြတယ်။ ကာကွယ်တတ်ကြတယ် မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်တတ်ကြတယ်။
မိမိနေ့စဉ် အသက်ရှင်ဖို့အထောက်အကူပြုတဲ့အရာတွေကအစ မိမိနေထိုင်ရာအိမ် ခြံ မိမိပိုင်မြေ တွေကို တန်ဖိုးထားတတ်ကြပါတယ်။
ဒါဟာ တန်ဖိုးထားတတ်တဲ့လူတစ်ယောက်ရဲ့ ပင်ကိုယ်စရိုက်ဖြစ်သလို တာဝန်လည်းဖြစ်ပါတယ်။
တစ်နည်းပြောရရင် မိမိပိုင်မြေ မိမိလူမျိုးကို တန်ဖိုးထားတတ်တဲ့စိတ် (သို့) မျိုးချစ်စိတ်ပါ။

ဒါပေမယ့် ဒီလိုစိတ်နေသဘောထားတွေက လူမျိုးတစ်မျိုး ရဲ့ ပင်ကိုယ်စရိုက် သဘာဝ (Identity) တွေကို ရေရှည်တည်တံ့စေတာမှန်ပေမယ့် စဉ်းစားချင့်ချိန်မှုအားနည်းပြီး ဆင်ခြင်မှုကင်းမဲ့လာတဲ့အခါ လူမျိုးခြားအပေါ် ခွဲခြားနှိမ့်ချဆက်ဆံမှုကိုဖြစ်စေတတ်ပါတယ်။ ဒါကြောင့်  ရှိသင့်တဲ့ ရှိရမယ့်အတိုင်းအတာတာထက်ကျော်လွန်ခဲ့ရင်တော့ လူမျိုးခြားတွေနဲ့ ပွတ်တိုက်မှု(Crash) တွေဖြစ်ပြီး လုမှုအဖွဲ့အစည်းထဲမှာ အပွန်းအပဲ့တွေ ဖြစ်စေတတ်ပါတယ်။
ဒါကြောင့် တည်ငြိမ်အေးချမ်းမှုကို အမှန်တကယ်လိုလားတယ်ဆိုရင် အားလုံးမှာတန်ဖိုးရှိတယ်ဆိုတာကို နားလည်ထားရပါမယ်။ မတူကွဲပြားမှုကို လက်ခံတတ်ရပါမယ်။

Atsam@kachinland