ကချင်ပြည်နယ်သည် Province မဟုတ်ပါ။
ဟုတ်တယ် ကချင်ပြည်နယ်က Province မဟုတ်ဘူး
ဒါပေမယ့် Province အနေအထားကို သက်ဆင်းသွားတာ
ကြာလှပါပြီ။ ကချင်လူထုရဲ့  ရှိရှိသမျှအခွင့်အရေးတွေလည်း
လက်တစ်ဆုပ်စာလူတစ်စု (သို့) လူမျိုးတစ်မျိုးလက်ထဲရောက်
သွားတဲ့အချိန်လည်း မနည်းတော့ဘူး
လက်တစ်ဆုပ်စာလူတစ်စု (သို့) လူမျိုးတစ်မျိုးအတွက်တော့
"လွတ်လပ်ရေး" ဖြစ်ချင်ဖြစ်မယ် ဒါပေမယ့် ကချင်အပါအဝင်
ဗမာမဟုတ်တဲ့ တိုင်းရင်းသားအားလုံးတော့ လောကငရဲ
အလားပဲ ကံဆိုးလွန်းသူတွေလို့ပဲပြောရမလား
အချိန်နဲ့အမျှ နေသားကျလာတော့ အမှန်တွေလည်း အမှား
ဖြစ်ကုန်ရော
ပြောမိသူပဲ မှားနေသလိုလို...ဟုတ်တယ် ဗမာမဟုတ်တဲ့
တိုင်းရင်းသားတွေတောင်းနေတာ အလကားအားနေလို့
တမင်အလုပ်ရှုပ်ခံ အတွန့်တက်နေတာမဟုတ် မိမိတို့ရဲ့
လက်လွတ်ဆုံးရှုံးသွားတဲ့ မူလရပိုင်ခွင့်တွေတောင်းဆိုနေတာပါ
ဒါပေမယ့် ဗမာတွေရဲ့ သမိုင်းအဆိုအရ ဒီနေ့ပြည်ထောင်စုမြန်မာနိုင်ငံ
က သူတို့ဗမာဘုရင်တွေပိုင်တဲ့ မူလဇာတိမြေဖြစ်တယ်တဲ့
အိန္ဒိယပြည်ရဲ့ အာသံအထိပိုင်တယ်ဆိုပဲ
အဲလောက်ထိအတိအကျပြောနိုင်တယ်ဆိုတော့
အဲဒီနယ်မြေစည်းမျဉ်းတွေကို
ဘာ instrument နဲ့ များsurvey လုပ်ထားလဲမသိဘူး
တကယ့်ကို ချီးကျူးစရာပါ ဘယ်ဗမာပညာရှိကြီး (Genius) ရဲ့
လက်ချက်ပါလိမ့်
ဗမာ့သမိုင်းက အဲဒီလိုသင်ထားတော့ တိုင်းရင်းသား
တွေကပဲ နေစရာမရှိလို့ ဗမာ့မြေက အတင်းအဓ္ဓမလုယူ
သိမ်းပိုက်ဖို့ကြံနေသလိုလို Rohinger နဲ့ရောပြောချင်တဲ့
သူကခပ်များများ...
တကယ်တော့ လက်ရှိပြည်ထောင်စုမြန်မာနိုင်ငံဟာ
ဗမာတွေရေးတဲ့ စာအုပ်(သူတို့အခေါ် သမိုင်း)
ထဲက နိုင်ငံမဟုတ်ဘူး
အဲဒီစာအုပ်ထဲက နိုင်ငံဟာ
တကယ်လည်းရှိလည်းမရှိခဲ့ဘူး
တကယ်တော့ အထောက်အထားခိုင်ခိုင်လှုံလှုံနဲ့
ပြောလို့ရတဲ့ နယ်မြေတွေဆိုလို့ရအောင် တကယ်တမ်း
ဗမာမြေဟာ သူတို့ပြောသလောက် မကျယ်ပါဘူး
ယနေ့ပုဂံတစ်ဝိုက်နဲ့ ပဲခူး မကွေး မန္တလေးတိုင်း
စစ်ကိုင်းတိုင်းဒေသတွေ အလွန်ဆုံး ယနေ့ကချင်ပြည်နယ်
ထဲက (မိုးညင်း မိုးကောင်း ) ထိပါပဲ ဒါပေမယ့်
ဘယ်ကချင်ဒူဝါ(ဗမာအခေါ် ဆော်ဘွား) အုပ်ချုပ်တဲ့
နယ်မြေတွေကို ဘယ်ဗမာဘုရင်ကမှ မတို့ခဲ့ရပါဘူး
နယ်မြေဒေသမကျွမ်းကျင်တာက တစ်ကြောင်း
ကချင်တွေအပေါ် အထင်အမြင်သေးတာက တစ်ကြောင်း
ရာသီဥတု မြေမျက်နှာအနေအထား တွေကြောင့်လည်း
ပါပါတယ်
တကယ်လို့သာ ကချင်လူမျိုးတွေသာ ဗမာ့လက်အောက်ခံ
ဆိုရင် ယနေ့အချိန်မှာ ကချင်တွေ(100%)လောက်ဟာ
အနည်းဆုံး ဗုဒ္ဓဘာသာဝင်တွေဖြစ်နေလောက်ပါပြီ
>>>>ဒါဟာ ဘာကိုထောက်ပြနေသလဲဆိုရင် ဗမာတွေဟာ
ဘယ်တုန်းကမှ ကချင်မြေတွေကို မသိမ်းပိုက်နိုင်ခဲ့ကြောင်း
ပြီးတော့ သူတို့သမိုင်းမှာရေးထားသလို ကချင်မြေတစ်ခုလုံး
အပါအဝင် အိန္ဒိယပြည် အာသံထိရှိခဲ့ကြောင်း ဆိုတာမဖြစ်နိုင်
ကြောင်း ဆိုတာပါပဲ<<<<<
ဒါကြောင့် ဒီလိုသီးခြားအသွင်ဆောင်တဲ့ နယ်မြေဖြစ်လို့ ဗြိသိသျှ
ကိုလိုနီအစိုးရက သီးသန့်နယ်မြေတွေပိုင်းခြားပြီး အုပ်ချုပ်
ခဲ့တာပါ ( ဗမာ့သမိုင်းမှာတော့ ဗြိသိသျှ တွေက မြန်မာတိုင်း
ရင်းသားများကို စိတ်ဝမ်းကွဲအောင်သွေးခွဲအုပ်ချုပ်ခဲ့တယ်
ဆိုပြီး မလိမ့်တစ်ပတ်လုပ်ထားပါတယ်) အဲလောက်သိတတ်ရင်
ဘာကြောင့် တိုင်းရင်းသားတွေတောင်းဆိုနေတာတွေကို
မပေးဘဲ လူသတ် ရွာမီးရှို့ မုဒိန်းကျင့် နေတာပါလိမ့်-------
-----------
အဲဒါကြောင့်လွတ်လပ်ရေးရပြီးတဲ့အချိန်မှာ ကချင်ပြည်နယ်
(Kachin State) ဆိုပြီးသတ်မှတ်ပေးထားတာပါ
အလကား အားနေလို့ လူကြားကောင်းအောင်
မှည့်ထားတာမဟုတ်ဘူး ကချင်ပိုင်မြေ အဖြစ်အသိအမှတ်
ပြုတဲ့သဘောပါ
ကချင်ပိုင်မြေဖြစ်တဲ့အတွက် ကချင်ပြည်နယ်ရဲ့ ဥပဒေပြုရေး
စီမံခန့်ခွဲရေး( Administration) နဲ့ အုပ်ချုပ်ရေး(Governance)ကို
ကချင်တွေလုပ်ပိုင်ခွင့်မရှိဘူးလား
နောက်ဆုံးအနေနဲ့ပြောချင်တာက
ကချင်ပြည်နယ်သည် ဗမာလိုပြောမှသာ ပြည်နယ်ဆိုပေမယ့်
Provine မဟုတ်ကြောင်းပါ ခင်ဗျား
State ပါဗျာ
*****မှတ်ချက်****ဤpostနှင့်ပတ်သက်၍ ကန့်ကွက်လို၍ဖြစ်ဖြစ်၊ ဝေဖန်အကြံပေးလို၍
ိုဖြစ်ဖြစ် အသေးစိတ်အချက်အလက်၊ ခိုင်လုံတိကျတဲ့ အထောက်အထား (သို့) ယုံကြည်ရလောက်သော Link ပေးပို့ပေးနိုင်ပါကြောင်း မေတ္တာရပ်ခံအပ်ပါသည်။ ကျေးဇူးတင်ပါသည်။*****
By; Atsam@kachinland