=====================
Facebook သုံးသူတိုင်း poke ဆိုတဲ့စကားလုံးလေးကို
သတိထားမိကြမယ် ထင်ပါတယ်။

လက်ညှိုးထိုးသလိုပုံကလေးနဲ့
မြန်မာစကား လက်နဲ့ လှမ်းပုတ်လိုက်သလိုလေးတောင်
ထင်ရလေရဲ့။

ကျနော်တို့တွေ Facebook ဖွင့်လိုက်တဲ့အခါတိုင်းမှာ Notification မှာ
ဘယ်သူကတော့ဖြင့် သင့်ကို Poke ထားပါတယ်လို့
တစ်ရက်သုံးလေးခုတော့ ပြတတ်တယ် မဟုတ်လား။

ဒါနဲ့ပဲ သင်ကလည်း သူတို့ကို ပြန် Poke Back လိုက်
သူတို့က တစ်ခါ ပြန် Poke လိုက်နဲ့ ဟုတ်နေတော့တာပါပဲ။

ဘယ်သူ့ကို Poke မလဲလို့ Suggested Poke ပေးထားတာလဲ ရှိပါတယ်။
တကယ်လို့ ကိုယ်က လူတစ်ယောက်ယောက်ကို Poke ချင်ရင်
သူ့ Wall ကို သွားလိုက်ပါ။
ညာထောင့်ဆုံးက ခရေပွင့်ပုံလေးလေးမှာ အောက်ကိုဦးလှည့်ထားတဲ့
တြိဂံဇောက်ထိုးလေးပုံပြထားတယ်။
အဲဒါလေးကို နှိပ်လိုက်ရင် Box လေးတစ်ခုကျလာမယ်။
အဲဒီ Box ရဲ့ အလည်မှာ Poke ဆိုတာပါပါတယ်။

အဲဒါလေးနှိပ်လိုက်ရင် Poke ပြီးသားဖြစ်သွားပြီပေါ့။
ဟုတ်ပြီ ဒါဆို အဲဒီ Poke ဆိုတာက ဘာလဲ?

အရှင်းဆုံးအလွယ်ဆုံးဖြေရရင်တော့ ...
“Poke ဆိုတာ Hi ပါပဲ။ (နှုတ်ဆက်လိုက်တာပေါ့)
အလွယ်ဆုံးနည်းနဲ့ Hi တာလို့ ပြောရမလား
စကားလုံးနဲ့ မ Hi ချင်လို့ သင်္ကေတတစ်ခုနဲ့ Hi လိုက်တဲ့သဘော
တစ်ဘက်လူက ကိုယ့်ကို သတိထားမိသွားအောင်
ကိုယ့်အကြောင်းစဉ်းစားမိသွားအောင်
ဘာစာမှ မရေးပဲ လုပ်လိုက်တာပေါ့။”

မက်ဇူကာဘက်က Facebookကို လူလူချင်းပေါင်းသင်းဆက်ဆံမှုတိုးပွားစေဖို့
ရည်ရွယ်တည်ထွင်ထားပုံရပါတယ်။
တိုက်ရိုက်ကြီးသွားနှုတ်ဆက်စကားပြောရမှာ
ခက်နေသူတွေ၊ ရှက်နေသူတွေအတွက်
ဒီ Poke ဆိုတာကို ထည့်ထားပေးပုံရပါတယ်။
Click လေးတစ်ခုစာပဲ အားထုတ်မှုနဲ့
အပြန်ပြန်အလှန်လှန် Poke နေလို့ရတယ်။
အဲဒီကနေ ခင်မင်နှောင်ဖွဲ့မှုတွေတိုးစေဖို့ ရည်ရွယ်ပြုလုပ်ထားပုံရပါတယ်။
သူက Friend ဖြစ်နေသူရော Friend မဖြစ်သေးသူကိုရော
လုပ်လို့ရတယ်လေ။

ကဲ ... ဒါကြောင့် ကျနော်လည်း မိတ်ဆွေတိုးပွားရအောင်
ဒီ Facebook ပေါ်က ကြီး/ငယ် ကျား/မ အားလုံးတို့အား ...

Thorn Nay Soepoked you!

By; Atsam@kachinland
သွန်းနေ စိုး
===========================