သန်းခေါင်စာရင်း ကောက်ယူသည့် လုပ်ငန်းနှင့်အချိန်ကို ရွေ့ဆိုင်းပေးပါရန် ကချင်ပြည်နယ်ရှိ လူထုအဖွဲ့အစည်းများက အကြံပြု။
(Kachinwave)

တနိုင်ငံလုံးအတိုင်းအတာ သန်ခေါင်စားရင် ကောက်ခံမည့်အစီအစဉ်ကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက လာမည့်မတ်လ(၂၉)မှဧပြီလ(၁၀)ရက်နေ့ထိ လုပ်ဆောင်သွားမည်ဟု ဆိုသော်လည်း ပြည်သူလူထုအားလုံးမှ ရှင်းရှင်းလင်းလင်း နားလည်သဘောတူ လက်ခံပြီးမှသာ သင့်လျော်သောအချန်တွင် ကောက်ခံသင့်ကြောင်း ကချင်ပြည်နယ်ရှိ လူထုအဖွဲ့အစည်းများက ဇန်န၀ါရီလ (၁၂)ရက်နေ့တွင့် အကြံပြုလိုက်ကြောင်း သိရသည်။

ကချင်ပြည်နယ်ရှိ လူထုအဖွဲ့အစည်း(၁၉)ဖွဲ့များ၏ တင်ပြချက်တွင် အစိုးရအနေဖြင့် လက်ရှိသန်းခေါင်းစာရင်ကောက်ယူသည့် လုပ်ငန်းစဉ်အဆင့်ဆင့်တွင် လူထု၊သက်ဆိုင်ရာ လူမျိုးနှင့် တိုင်ပင်ဆွေးနွေးခြင်း၊သတင်းအချက်အလက်များဝေငှ အသိပေးခြင်း၊လူထုမှစိုးရိမ်မှုများနှင့် အကြံပေးမှုများကို လက်ခံဖြေရှင်းပေးခြင်း စသည့် လုပ်ငန်းစဉ်များ အားနည်းလျက်ရှိနေကြောင်း တင်ပြသည်။

ကချင်ပြည်နယ်သည် လက်ရှိအခြေအနေထိ နယ်မြေအေးချမ်းသာယာမှုမရှိခြင်း၊စစ်ပွဲ များ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် အချို့ဒေသများတွင် သန်းခေါင်စာရင်းကောက် ယူရာတွင် သတင်းအချက်အလက် မပြည့်စုံမှုများ ဖြစ်နိုင်ကြောင်း တင်ပြထားသည်။

Source; Lachid Kachin

By; Kachin Waves