"ကချင်တွေဘာကြောင့်တော်လှန်နေတာလဲ???" တဲ့
"မင်းတို့ကချင်တွေ ဘာကိုတောင်းဆိုနေတာလဲ" တဲ့...
ကျနော့် မိတ်ဆွေဗမာတိုင်းရင်းသား တစ်ယောက်ပြောဖူး
တဲ့စကားပါ
ဒါပေမယ့် ကျနော့်သူငယ်ချင်း ဆိုတော့
ဘာကြောင့် ဖြစ်တယ် ဘယ်လိုဖြစ်လာတယ် ဘာကို
တောင်းဆိုနေတယ်ဆိုတာ တွေပြောဖို့ကျနော်မကြိုးစား
ခဲ့ပါဘူး
ဒါပေမယ့် အခုဒီနေရာမှာ ကျနော်ပြောမယ်ဗျာ
ဟုတ်တယ် ကချင်တွေတော်လှန်ရေးလုပ်နေတယ်
တော်လှန်ရေးလုပ်နေတယ် ဆိုတာကလည်း တော်လှန်
ဖို့လိုအပ်လို့ဖြစ်ပါတယ်
တော်လှန်စရာရှိလို့ဖြစ်ပါတယ်
ဗမာတွေကို မုန်းလို့ ဗမာလူမျိုးတွေကိုမုန်းလို့မဟုတ်ဘူး
တမင်လူမျိုးရေး မုန်းတီးရေး ဖြစ်အောင် တောခိုပြီး
တော်လှန်ရေးလုပ်နေတာမဟုတ်ဘူး

နည်းစနစ်ကိုမကြိုက်လို့
အုပ်ချုပ်တဲ့ပုံစံကို မကြိုက်လို့ သဘောမကျလို့ဖြစ်တယ်
အုပ်ချုပ်သူလူတန်းစား (သို့မဟုတ်) အုပ်ချုပ်သူတွေရဲ့
စရိုက် အတွေးအခေါ်ကို မကြိုက်ရာက မြစ်ဖျားခံလာတဲ့
တော်လှန်ရေးဖြစ်တယ်

ဒါပေမယ့် တိုင်းပြည်ကိုအုပ်ချုပ်နေကြတဲ့သူတွေက
ဗမာလူမျိုးတွေဆိုတော့ ဗမာမဟုတ်တဲ့တိုင်းရင်းသားတွေ
ရဲ့အမြင်မှာ တစ်ခါတစ်လေမှာတော့ အဲဒီ
အနေအထားကိုစောင်းစောင်းသွားတယ်
ဒါတွေကလည်း ဗမာနိုင်ငံရေးသမားတော်တော်များများ
က ဗမာမဟုတ်တဲ့တိုင်းရင်းသားတွေရဲ့ ခံစားချက်ဇစ်မြစ်
ကို အပေါ်ယံပဲ ရှုမြင်သုံးသပ်လို့ဖြစ်ပါတယ်
ဒီတော့ ဗိုလ်ချုပ်အောင်ပြောသလိုပေါ့
"ကျနော်တို့ဗမာတွေ ခင်ဗျားတို့ အင်္ဂလိပ်တွေကို
မမုန်းပါဘူး ကျနော်တို့ ဗမာလူမျိုးတွေအပေါ် နိုင်ထက်စီးနှင်းပြု
အုပ်ချုပ်စားနေတဲ့ စရိုက်ဆိုးကို မကြိုက်လို့ပါ
တကယ်လို့ ကျနော်တို့ဗမာတွေထဲက တစ်ချို့လူတွေ
ဒီလိုလာလုပ်ရင် ကျနော်တို့တော်လှန်ရမှာပဲ"
>>>>>>အင်္ဂလိပ်အစိုးရရဲ့ စရိုက်ကိုမကြိုက်လို့ ဗိုလ်ချုပ်အောင်ဆန်းက
"ငရဲခွေးများလွတ်နေသည်" ဆိုတဲ့ကဗျာနဲ့ထိုးနက်လိုက်တော့
အင်္ဂလိပ် အရာရှိကြီးက တော်တော်စိတ်မသက်မသာဖြစ်ပြီး
"မင်းတို့ဗမာ တွေက ငါတို့အင်္ဂလိပ်လူမျိုးတွေကို ဘာလို့
အဲဒီလောက်မုန်းတာလဲ???" ဆိုပြီး မေးတဲ့အခါ ဗိုလ်ချုပ်ပြော
တဲ့စကားပါ<<<<<<<
ဒါကြောင့် "ကျနော်တို့ ကချင်တွေလည်း ဗမာတွေကိုမမုန်းပါဘူး"လို့
ဗိုလ်ချုပ်ပြောခဲ့သလိုပေါ့
By; Atsam@kachinland