နိုင်ငံရေး ဆိုတာ
နိုင်ငံရေး ဆိုတာ ဘာသာတရားလို လူတွေကို မှိုင်းတိုက်ပြီး ယုံကြည်မှု တခု အောက်ကို တွန်းထည့်လို့မရဘူး။ နိုင်ငံရေး ဆိုတာ လက်တွေ့ဘ၀ ဖြစ်တယ်။ နိုင်ငံရေးမှာ ကြင်နာတရား ဆိုတာထက် စနစ်က စကားပြောတယ်။ လူပုဂ္ဂိုလ်ထက် စနစ်က ပို အလုပ်လုပ်တယ်။ နှစ် ၅၀ ကျော် နိုင်ငံရေး စကားမပြောခိုင်းတဲ့ ဗမာ လူထု အတိုင်းအ၀ိုင်းကို ညာလို့ရချင် ရမယ်။ ကချင်တွေက ဗမာ ပညာရေး စနစ်ကို အစကတည်းက မယုံခဲ့ဘူး။ ကိုယ်ပိုင် အသိဥာဏ်နဲ့ လေ့လာနေတဲ့ လူ့အဖွဲ့အစည်း ဖြစ်တယ်။ ခင်များတို့ထင်သလို ဆင်းရဲတာနဲ့ ခတ်ညံ့ညံ့ လူတွေ ဖြစ်သွားမယ် မထင်ပါနဲ့။ တကယ် သေခြာတယ် ဆိုရင် ကချင် နိုင်ငံရေးခေါင်းဆောင် တစ်ယောက်နဲ့ ခင်များတို့ရဲ့ လက်ရှိ သမ္မတကို ပရိသတ်ရှေ့ စင်ပေါ်မှာ နိုင်ငံရေး စကားနိုင်လုခိုင်းကြည့်ပါ။ နိုင်ငံတကာ ပညာရှင်များကို အဆုံးအဖြတ်ပေးခိုင်းကြည့်ပါ။ လုပ်ရဲပါ့မလား... ခင်များတို့ လိပ်ပြာသန့်တယ် ဆိုရင်တော့ မလုပ်ရဲ စရာ အကြောင်း မရှိလောက်ပါဘူး

By; Atsam@kachinland
Source; Kachin Du Wa