"ငြိမ်ချမ်းရေး ငြိမ်းချမ်းရေး" ပြည်တွင်းငြိမ်းချမ်းရေး တဲ့
"တစ်ပြည်လုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်စေးရေးကို
ဂျူလိုင်လမှာ လုပ်နိုင်မယ်" တဲ့
ဒါနဲ့ ထင်ထားသလိုဖြစ်မလာတော့
"နိုဝင်ဘာလမှာနောက်ဆုံးထားပြီး ဆွေနွေးပြီးမြောက်
အောင်လုပ်မယ်" တဲ့
2013 ခုနှစ်က တစ်ပြည်လုံးအတိုင်းအတာနဲ့ အပစ်အခတ်
ရပ်စဲရေးနဲ့ ပတ်သက်ပြီး နိုင်ငံတော်တမ္မတ ပြောသွား
တဲ့စကားတွေပါ။ အခု 2014 ရောက်သွားပြီ
အဲဒီလိုတွေပြောခဲ့ပေမယ့် ဘယ်တစ်ခုမှဖြစ်မလာခဲ့ပါ
ဒီအချက်ကိုသိလို့ပဲ တိုင်းရင်းသားအဖွဲ့အစည်းတွေ
(အထူးသဖြင့် KIO)က
"အပစ်အခတ်ရပ်စဲရေး" ဆိုတာထက် ခိုင်လုံတဲ့ ယုံကြည်
လို့ရတဲ့ နိုင်ငံရေးစားပွဲဝိုင်း ကိုပဲ တောင်းဆိုနေတာပါ။
ဒါကြောင့်လည်း ဟိုတလောက KIA ဒုတိယစစ်ဦးစီးချုပ်
ဗိုလ်ချုပ်ဂွမ်မော် ရန်ကုန်ဆင်းတုန်းက အင်တာဗျူးမှာ
"အပစ်အခတ်ရပ်စဲရေး အရင်လုပ်တယ်ဆိုတာ မူအရ
မှန်ပေမယ့် ကျနော်တို့ရဲ့ အတွေ့အကြုံအရ ဒါဟာ
မှားတယ်" လို့ပြောသွားတာပါ။
ဟုတ်ပါတယ် ခေတ်အဆက်ဆက်က အစိုးရလုပ်ခဲ့သူ
တွေက ဒီလိုပဲ ပြောခဲ့တော့ တိုင်းရင်းသားတွေလည်း
အရေထူသွားပြီမို့ ဒီလိုပြောတာဟာ သဘာဝကျပါတယ်
ဒါမှမဟုတ်ဘဲ ပစ်လိုက် ရပ်လိုက်နဲ့ စခန်းသွားနေရင်တော့
ဘာမှ မဖြစ်လာဘဲ အိတ်ပေါက်နဲ့ဖားကောက်ပြီး မထူးဇတ်ခင်းနေရမှာပါ။

By; Atsam@kachinland