“ကချင် 12 မျိုးရှိတယ်တဲ့”, ဗမာတော်တော်များများပြောနေကြ စကားပါ။ တစ်ချို့ကျတော့လည်း ကချင်ဆိုတာ Jinghpaw[ဂျိန်းဖေါ့] ကိုပဲပြောပြီး ကျန်တာက သီးသန့် (သို့) သီးခြားလူမျိုးတဲ့။
ဘယ်လိုပုံစံနဲ့၊ ဘာကိုလိုက်ပြီး ခွဲထားလဲတော့ မသိတော့ဘူး။ လေးယောက် ရှစ်ဖွဲ့ဆိုသလိုမျိုး ရှိရှိသမျှ ညဏ်နီညဏ်နက်တွေကို မရမက ဖိညစ်ပြီး ခွဲထားသလား မပြောတတ်တော့။
တကယ်တော့ ကချင်ဆိုတာ တစ်မျိုးတည်းပဲ။ ကချင်ဆိုတာ မျိုးနွယ်စု[Tribe]ပါ။
လူမျိုးတစ်မျိုး (သို့) မျိုးနွယ်စု တစ်ခုဆိုတာ ယဉ်ကျေးမှု၊ ဓလေ့ထုံတမ်းစဉ်လာ တစ်ခု၊ ပေါက်ဖွားဆင်းသက်ရာ ဇစ်မြစ်တစ်ခု၊ အစဉ်အလာ၊ မိသားစုဖွဲ့စည်းပုံ၊ ဘာသာဗေဒ[linguistics] အားဖြင့် တစ်ခုထဲ (သို့) ခေါင်းစဉ်တစ်ခုထဲမှာပဲ ရှိတာကိုပြောတာပါ။
ဒါပေမယ့် ခေတ်အဆက်ဆက်က စင်မြင့်ပေါ်တက်လာတဲ့ အစိုးရတွေက ဒီလိုပဲရှာကြံသုံနှုန်းခဲ့တော့ ခုဆိုတော်တော် နေသားကျနေပါပြီ။ ကချင်ကိုရော 8 မျိုးခွဲလိုက်၊ 12 မျိုးခွဲလိုက်။ ဒါနဲ့တင်အားမရတော့ ကချင်ဆိုတာ Jinghpaw[ဂျိန်းဖေါ့] ကိုပဲပြောပြီး ကျန်တာက သီးသန့် (သို့) သီးခြားလူမျိုးတွေပါတဲ့။ တစ်ချို့ Rawang[ရ၀မ်] ၊ Lisu [လီဆူ] ၊ Zaiwa or Ah Zi [အဇီး] ၊ Lashi [လရှီ] ၊ Lovao or Maru [လောင်ဝေါ်] တွေကိုတော့ ဗမာ[သူတို့ အခေါ် မြန်မာလူမျိုး] မျိုးနွယ်စုတွေပါတဲ့။ တော်တော်ညစ်ပတ်ပက်စက်တဲ့ အကြံပါ။ Rawang[ရ၀မ်] ကိုတောင်မှ “ဗမာဖြူ” ဆိုတဲ့ ဘွဲ့ထူး ဂုဏ်ထူးတွေက ပေးလိုက်သေး။ “ပြောတာက လူတကာ တရေကျအောင်ပြောတတ်ပြီး လုပ်တာတွေက လူရွန်စရာကောင်းတာတွေပဲလုပ်တတ်တယ်” ဆိုတာ အဲဒါတွေကိုပြောတာပါ။
“ကချင် 12 မျိုးရှိတယ်” လို့ပဲ ထားပါတော့။ ဒါနဲ့ ဘာကိစ္စနဲ့  Rawang[ရ၀မ်] ၊ Lisu [လီဆူ] ၊ Zaiwa or Ah Zi [အဇီး] ၊ Lashi [လရှီ] ၊ Lovao or Maru [လောင်ဝေါ်] တွေ “ဗမာ” ဆိုတဲ့ခေါင်းစဉ်ထဲရောက်သွားတာလဲ????
အဲဒီ Rawang[ရ၀မ်] ၊ Lisu [လီဆူ] ၊ Zaiwa or Ah Zi [အဇီး] ၊ Lashi [လရှီ] ၊ Lovao or Maru [လောင်ဝေါ်] တွေနဲ့ ဗမာတွေက ဘယ်နေရာမှာတူတာလဲ????
၁။ တူညီတဲ့မိသားစုဖွဲ့စည်းပုံရှိရဲ့လား???
၂။ တူညီတဲ့ အစဉ်အလာရှိရဲ့လား???
၃။ ဘာသာဗေဒ[linguistics] အရရောတူရဲ့လား???
၎။ ယဉ်ကျေးမှု တူသလား???
၅။ ပေါက်ဖွားဆင်တက်ရာ ဇစ်မြစ်တူရဲ့လား???
“တူတယ်”လို့ မပြောနဲ့ “နီးစပ်မှု”ရှိတယ်လို့ပြောရင်တောင် ဘာမျှမဆိုင် မိုးနဲ့ မြေပဲ။
“ကချင်”ဆိုတာ ကချင်ဆိုတာ တစ်မျိုးတည်းပဲ။ ကချင်ဆိုတာ မျိုးနွယ်စု[Tribe]ပဲဆိုတာ အထက်မှာမေးခဲ့တဲ့ အကြောင်းအရာတွေ အကုန်တူလို့ပြောတာပါ။
ကချင်မျိုးနွယ်စုတွေမှာ ခိုင်ခံ့အားကောင်းတဲ့မိသားစုဖွဲ့စည်းပုံ ရှိတယ်။ မျိုးရိုးနာမည်၊ နောက်ဆက်တွဲ နာမည်(surname) ရှိတယ်။ ဒါကြောင့် ကချင်မျိုးနွယ်စုတွေမှာ ဗမာတွေလို တွေ့တဲ့လူကို ကိုယ့်ထက်ကြီးတဲ့သူ ယောကျာ်း/ မိန်းကလေး တွေကို အကို/အမ၊ ငယ်တဲ့သူ ယောကျာ်း/ မိန်းကလေး ကို မောင်လေး/ညီလေးခေါ်ရိုးမရှိ။ အဓိပါယ်လည်းမရှိ။ မိမိရဲ့ Htinggaw Mying/Amyu Rusai Mying [surname] ကိုလိုက်၍ ကြီးကြီးငယ်ငယ် ချင့်ချိန်ပြီး ခေါ်ကြတာပါ။ ဘယ်လိုပဲဖြစ်နေဖြစ်နေ မိမိတို့ရဲ့ မျိုးရိုးနာမည်၊ နောက်ဆက်တွဲ နာမည်(surname) တူရင် တစ်မျိုးတည်းပဲ[ဗမာ အခေါ် အသိုင်းအ၀န်း]။
ဒါကြောင့်လည်း “ရွက်ခြေက်စွန့်ရန် ချေက်၊ ကမ်းပါးရှိသည်။ ညီအကိုစွန့်ရန် ချေက်၊ ကမ်းပါးမရှိ” ဆိုတဲ့ ကချင်ရိုးရာ စကားပုံကိုထားခဲ့ကြတာပါ။ ဒါဟာ ဘာလဲဆိုရင် ကချင်မျိုးနွယ်စုတွေမှာ ခိုင်ခံ့အားကောင်းတဲ့မိသားစုဖွဲ့စည်းပုံရှိတယ် ဆိုတာကိုပြောပြနေတာပါ။

ပြီးတော့ ကချင်မျိုးနွယ်စုတွေမှာ ယောကျာ်း/ မိန်းကလေး  တွေကို ပထမ၊ ဒုတိယ၊ တတိယ အစဉ်လိုက် အမှတ်စဉ်အဖြစ် သတ်မှတ်မည့်ခေါ်သောအသုံအနှုန်း၊ အစဉ်အလာရှိတယ်။
ဘာသာဗေဒ[linguistics]အရလည်း တစ်ခုတည်းပဲ။ “ကချင်လူမျိုးစုတွေအားလုံးမှာ ဗမာတွေမထွက်နိုင်တဲ့ သီးသန့် အသံထွက်၊ အသံတစ်ဝက်တည်းထွက်ရတဲ့ အသံတွေရှိတယ်”။
ပြောဆိုမှု အသံထွက် အနေအထား [Dialect]မတူသော်လည်း ယဉ်ကျေးမှုက တစ်ခုတည်းပဲ၊ ၀တ်စားဆင်ယင်ပုံလည်း တစ်ခုတည်းပဲ။ Rawang[ရ၀မ်] ၊ Lisu [လီဆူ] ဆိုပြီးသီးခြား ယဉ်ကျေးမှု၊ အစဉ်အလာရှိတာမဟုတ်ဘူး။ ယဉ်ကျေးမှု၊ ပေါက်ဖွားဆင်တက်ရာ ဇစ်မြစ် အားဖြင့် တစ်ခုတည်းကပဲ။
တိရိဆန်မှာဆို ကုန်းလိပ်ဖြစ်ဖြစ်၊ ရေလိပ်ဖြစ်ဖြစ် “လိပ်” ဆိုတဲ့ ခေါင်းစဉ်အောက်မှာပဲရှိသလို၊ ကချင်ဆိုတာလည်း  မျိုးနွယ်စု[Tribe]တစ်ခုတည်းပဲ။ Biologist တွေကတော့ ကောင်းကောင်းနားလည်မှာပါ။ ကျနော်က Biologist မဟုတ်တဲ့အတွက် သဘောတရားလောက်ပါပဲပြောနိုင်ပါတယ်။
ဒါကြောင့် နောက်ဆုံးအနေနဲ့ပြောခင်တာက ကချင်ဆိုတာ တစ်မျိုးတည်းပဲပါ လို့
>>>>Jinghpaw[ဂျိန်းဖေါ့] + Rawang[ရ၀မ်] + Lisu [လီဆူ] + Zaiwa or Ah Zi [အဇီး] + Lashi [လရှီ] + Lovao or Maru [လောင်ဝေါ်]<<<အားလုံးကိုချုံပြီးခေါ်ဆိုတဲ့ အသုံးအနှုန်းပါ 6 Dialect=Kachin ပါ။

မျိုးနွယ်စု[Tribe]တွေဖြစ်ကြောင်းပါ။

*****မှတ်ချက်****ဤpostနှင့်ပတ်သက်၍ ကန့်ကွက်လို၍ဖြစ်ဖြစ်၊ ဝေဖန်အကြံပေးလို၍
ိုဖြစ်ဖြစ် အသေးစိတ်အချက်အလက်၊ ခိုင်လုံတိကျတဲ့ အထောက်အထား (သို့) ယုံကြည်ရလောက်သော Link ပေးပို့ပေးနိုင်ပါကြောင်း မေတ္တာရပ်ခံအပ်ပါသည်။ ကျေးဇူးတင်ပါသည်။*****

By: Atsam@kachinland

References & related articles; တိုင်းရင်းသား ၁၃၅ မျိုး ဆိုတာ တကယ်မရှိတဲ့ လူမျိုးကို ခေါ်သည်။ 

"ကချင်တွေဘာကြောင့်တော်လှန်နေတာလဲ???"

ကချင်ပြည်နယ်သည် Province မဟုတ်ပါ

“မြန်မာ”သည်"ဗမာ"မဟုတ်ပါ