မြန်မာ့တပ်မတော်ဟာ ၁၉၈၈ ခုနှစ်နောက်ပိုင်းမှာ အင်အားတိုးချဲ့ရေးနဲ့ခေတ်မီရေးကို အပြင်းအထန် ဆောင် ရွက်ခဲ့ တဲ့အတွက် အရှေ့တောင်အာရှဒေသအတွင်းမှာ ဗီယက်နမ်ပြီးရင် ဒုတိယအင်အား အကြီးဆုံးစစ် တပ် ဖြစ်လာခဲ့ပါ တယ်။ နိုင်ငံရဲ့အဆီအနှစ်တွေကို ဆယ်စုနှစ်နှစ်ခုကျော် ၀ါးမြိုစားသုံးပြီး ခေတ် +မီတပ်မတော် တည်ဆောက်ခဲ့ပေမဲ့ ထင်သလောက်ခရီးမပေါက်နိုင်ခဲ့ပါဘူး။ စစ်အာဏာရှင် တွေဟာ တပ်မတော်ကို လက်ကိုင်တုတ်သဖွယ် အသုံးချခဲ့တာကြောင့် ပြည်သူလူထုနဲ့ဝေးကွာလာ ခဲ့သလို စစ်အင်အားကို ကြီးထွား လာအောင် အလောတကြီး တိုးချဲ့တာကြောင့် ကလေးစစ်သား ပြဿနာ၊ စစ်ပြေးပြဿနာ၊ ဖွဲ့စည်းပုံမပြည့်တဲ့ တပ်တွေများပြားလာတဲ့ပြဿနာ အစရှိသော ဘေးထွက် ဆိုးကျိုးတွေ အများအပြား ရှိလာခဲ့ပါတယ်။ တပ်မတော်ရဲ့ခေါင်းဆောင်ပိုင်းက ရှေ့ကို အလောတကြီး တိုးနေပေမဲ့ ပြဿနာ အထွေထွေတို့ ကြောင့် ခေတ် မီရေးနဲ့ အင်အား တိုးချဲ့ရေးအတွက် အလျဉ်မမီနိုင်ပဲ ဖြစ်နေပါတယ်။ ဒါ့ကြောင့်မို့ Building the tatmadaw , Myanmar Arm Forces since from 1948 စာအုပ်ကိုရေးခဲ့တဲ့ ကိုအောင်မျိုးက မြန်မာ့တပ်မတော်ဟာ ခါချဉ်ကောင် မာန်ကြီးပေမဲ့ ခါးမသန်ဘူး လို့တင်စားပြောဆိုခဲ့ဖူးပါတယ်။ တပ်မတော်ရဲ့ခါးမသန်မှုတွေထဲက အကြောင်းအရာတစ်ခုကို ပြောရရင်တော့ တပ်မတော်က ထွက်ပြေးသူတွေ များပြားတိုးပွားလာရခြင်းပါပဲ။



မြန်မာနိုင်ငံရဲတပ်ဖွဲ့မှာ ပြေးလေးပြေးစာရင်းဆိုပြီး နယ်မြေအလိုက်ပြုစုတင်ပြရတဲ့ အစီရင်ခံစာတစ်ခု ရှိပါတယ် ။ ပြေးလေးပြေးဆိုတာကတော့ တပ်ပြေး၊ ရဲပြေး၊ ၀ရမ်းပြေးနဲ့ ရဲဘက်ပြေး တို့ပါ။ အဲ့ဒီပြေးလေးပြေးထဲ ကလူတွေ ကို တွေ့ရင် ချက်ချင်းဖမ်းဆီးနိုင်ပါတယ်။ ပြောရရင်တော့ တပ်ကထွက်ပြေးတယ်ဆိုတာ ဥပဒေနဲ့ဆန့်ကျင်တဲ့ လုပ်ရပ်ပါ။ ဥပဒေနဲ့မညီမှန်းသိပေမဲ့ ပြေးနေကြတုန်းပါပဲ။ စစ်တပ်က ထွက်ပြေးတယ်ဆိုတော့ စစ်တပ်မှာ နေချင် စိတ်မရှိတော့လို့ ပြေးကြ တာပေါ့။ ပြေးရတဲ့အကြောင်းရင်းတွေကလည်း အမျိုးမျိုးပါပဲ။ တချို့က အထက်အရာ ရှိတွေက ဖိနှိပ်လို့၊ ကိုယ်ထိ လက်ရောက် ဆက်ဆံတာတွေရှိလို့၊ မကျေနပ်ချက်တွေများလာလို့ ပြေးကြတယ်။ တချို့က လစာမလောက်ငှ၊ မိသားစုစားဝတ်နေရေးက မပြေလည်၊ စစ်တပ်ထဲမှာ ဆက်နေလည်း တိုးတက်လမ်း မရှိ၊ အကြောင်းမထူးတော့လို့ ပြေးကြတယ်။ တချို့ကလည်း ဦး/ရေး/ထောက် ပြဿနာတွေ မရှင်းနိုင်လို့ ပြေးကြ တယ် စသဖြင့် အမျိုးမျိုးပါပဲ။ ရုံးသုံး စကားနဲ့ ပြောရရင်တော့ ခွင့်မဲ့ပျက်ကွက်၊ ခွင့်လွန်ပျက်ကွက်တွေပေါ့။ တရားဝင်ခွင့်ယူသွားပြီး ခွင့်ရက်စေ့လို့ တပ်ကိုပြန်မရောက်၊ သတင်းမပို့တဲ့သူတွေကို ခွင့်လွန်ပျက်ကွက်၊ တာဝန်ထမ်းဆောင်နေရင်း တပ်က ထွက်ပြေးတဲ့ သူတွေကို ခွင့်မဲ့ပျက်ကွက်လို့ ရုံးသုံးအနေနဲ့ သုံးပါတယ်။
စစ်တပ်ထဲမှာ မနေချင်တော့လို့ ထွက်ပြေးတဲ့သူတွေထဲမှာ အခြားအဆင့်တွေရှိသလို အရာရှိတွေ လည်း ပြေးကြ တာပါပဲ။ အရေအတွက်အရဆိုရင်တော့ အခြားအဆင့်တွေပြေးတာ ပိုများပါတယ်။ ပြေးတဲ့အရာရှိ အရေအတွက် နည်းတယ်ဆိုပေမဲ့ စစ်တပ်ကအာဏာသိမ်းပြီးတဲ့ ၈၈ ခုနှစ်ကစလို့ အနှစ်(၂၀)ကျော်ကာလအတွင်းမှာ စာရင်းလုပ်ယူလို့ရသလောက် တပ်မတော်အရာရှိ (၄၀၀)ကျော်လောက် တပ်ပြေးဖြစ်သွားခဲ့တဲ့အတွက် မဆလခေတ်က တပ်ပြေးအရာရှိအရေအတွက်နဲ့ နှိုင်းယှဉ်ရင် များတယ်လို့ ပြောရပါမယ်။ နိုင်ငံတော်အာဏာကိုပါ စစ်တပ်ကသိမ်းယူထားတဲ့ လုပ်ပိုင်ခွင့်အရှိဆုံး စစ်တပ်ခေတ် အကောင်းဆုံးဆိုတဲ့အချိန်မှာ ဘယ်လိုပြဿ နာတွေ အောက်ခြေတပ်တွင်းမှာ ရှိနေလဲဆိုတာ အင်မတန်စိတ်ဝင်စား စရာကောင်းတဲ့ကိစ္စတခုဖြစ်ပါလိမ့်မယ်။


လုပ်ပိုင်ခွင့်လည်းရှိ၊ နေရာလည်းရတဲ့ အရာရှိတွေပြေးတဲ့ မြောက်များစွာသောမှတ်တမ်းတွေထဲက စိတ်ဝင်စားစရာ ကောင်းတဲ့တချို့ကိုပြောရရင်တော့....
Read More