အဓိကရုဏ်းတွေ ဖန်တီးခဲ့တယ်၊ ကချင်စစ်ပွဲကို အတင်းတိုက်ခဲ့တယ်၊ စီမံကိန်းများကို မဖြစ်မနေ ကာကွယ်သွားတယ်၊ အာဆီယံအားကစားပွဲတော် ကျင်းပနေချိန်မှာ မိကျောင်းကန်ဆန္ဒပြသူများကို ဝိုင်းရိုက်ကြရာ မြန်မာအစိုးရဆိုတာ ဒါပဲလို့ အများသိခွင့်ရခဲ့ပါတယ်။ မိကျောင်းကန်ဆန္ဒပြပွဲဆိုတာ စစ်တပ်က လယ်မြေတွေ သိမ်းလို့ ဆန္ဒပြရတဲ့ကိစ္စပါ။

ကြေးနီစီမံကိန်းတုန်းက သိန်းစိန်က ဘီလူးအစွယ်ပေါ်ဖို့ အကြောင်းဖန်ခဲ့သေးတယ်။ သမ္မတရုံးက ကမန်းကတန်းဖြုတ်သွားလို့ ကောင်းကောင်းမမြင်လိုက်ရဘူး။ ဒါတောင် လှစ်ခနဲ မြင်လိုက်ရသေးတယ်။

မကြာခင်တုန်းက ငြိမ်းချမ်းရေးလမ်းလျှောက်သူများကို အရေးယူပြီး ထောင်ချခဲ့ပါသေးတယ်။ အစိုးရက ဘာမှ မပြောင်းလဲသေးဘူးဆိုတာ သက်သေပါပဲ။

အခု ဒီတစ်ခါ မိမိအထင်ကို ပြောရရင် ဒီမိကျောင်းကန်ဆန္ဒပြသူများကို ရိုက်နှက်သူများဟာ သိန်းစိန်နဲ့ ရွှေမန်းတို့ လွှတ်လိုက်တဲ့လူတွေဟုတ်ဟန်မတူပါ။ စစ်တပ်ကိုယ်တိုင်က လွှတ်လိုက်ပုံရတယ်။ ဆန္ဒပြသူများကလည်း သတ္တိကောင်းကောင်းနဲ့ အကြမ်းမဖက်ဘဲ ခုခံနေကြပါတယ်။

(၃)နှစ်အတွင်း ဖြစ်ပျက်သမျှတွေကို တွေ့ရတော့ ဘုန်းကြီးအချို့၊ မျိုးချစ်စိတ်ဓာတ်ပြင်းထန်သူအချို့တို့က အစိုးရဘက်ကို ပါသွားကြပါတယ်။ ဒါပေမဲ့ ပညာတတ်အတော်များများဟာ အတိုက်အခံဘက်ကို ယိမ်းသွားကြပါတယ်။ အစိုးရနဲ့ တပ်ကို ချိန်ချိန်ဆဆနဲ့ ဝေဖန်နေတဲ့ စာရေးဆရာအချို့တောင် အစိုးရနဲ့ စစ်တပ်လုပ်ရပ်ကို အယုံအကြည် ကင်းမဲ့လာခဲ့ကြပါ
Venrika
By; Atsam@kachinland
Source; Hugawng Kachin